ရေမြောင်းထဲက အမှိုက်တွေဆယ်ယူနေရင်း ရင်ထဲက မကျေနပ်ချက်တွေ ဖွင့်အံချလိုက်တဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေဟားငါးကောင်လူရွှင်တော်အဖွဲ့သားများကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေသို့ရောက်ရှိနေပြီး တော်လှန်ရေးတိုက်ပွဲများအတွက် တတ်နိုင်တဲ့နေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလမှာပြည်သူတွေနဲ့အတူ ကျရာနေရာကနေပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း စစ်ကောင်စီမှ ပုဒ်မ၅၀၅(က) ဖြင့်တရားစွဲဆိုအရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ဝေမျှပေးလေ့ရှိရာ မကြာသေးခင် နာရီပိုင်းလောက်က ဟားငါးကောင် Facebook Page တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရေမြောင်းထဲက အမှိုက်တွေဆယ်ယူနေရင်း ရင်ထဲက မကျေနပ်ချက်တွေ ဖွင့်အံချလိုက်တဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

” ဘာဖြစ်ဖြစ် မအလ မင်းအောင်လှိုင်ပဲ 😂” ဆိုပြီး ရေးထားတာ ဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့Pageဟာ သူတို့အဖွဲ့ရဲ့Page အသစ်ဖြစ်ပြီး Like and Follow လုပ်ဖို့ကိုလည်း တောင်းဆိုထားကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဟားငါးကောင်အဖွဲ့ရဲ့ ဗီဒီယိုဖိုင်လေးကို အခုပဲတင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.