ပညာမတတ်တဲ့ သူမအား အွန်လိုင်းပေါ်တွင် ကဲ့ရဲ့နေတဲ့ အမေရိကားက နာမည်ကြီးဆယ်လီကို ထိမိလွန်းတဲ့ စကားလုံးဖြင့် ဒဲ့ပြောချလိုက်တဲ့ ထက်ထက်မိုးဦး

ပရိသတ်ကြီးရေ သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ အခုလက်ရှိမှာ Live Sales ပေါင်းများစွာ လက်ခံရောင်းချပေးနေရသူတစ်ဦး ဖြစ်ပါတယ်။ တစ်ချိန်တုန်းကအနုပညာလောကမှာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဈေးရောင်းရင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ထက်ထက်မိုးဦးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဈေးရောင်းတဲ့ Live မှာ အင်္ဂလိပ်အသံထွက်မှားခဲ့တာကြောင့် လူအထင်သေးခံနေရတဲ့ သူမရဲ့အဖြစ်ကိုစိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။”တစ်ချို့သောသူတွေ ပညာတွေတတ်သလို စိတ်ဓာတ်လည်းကောင်းရင်ကောင်းမှာပဲနော်။ထက်ဟိုးအရင်တုန်းကလည်း ဒီဖေ့ဘုတ်တွေအင်တာနက်တွေမသုံးတတ်ဘူးပညာမတတ်ဘူးခဏခဏဖြေဘူးသလို ခုlive တွေမှာလည်းအင်္ဂလိပ်စာမဖတ်တတ်လို့ တစ်ချို့မန့်တွေ မဖတ်တတ်ဘူးဆိုလည်းကိုယ့်ကိုချစ်တတ်သူတွေအားလုံးသိကြပါတယ်။

အဲ့ဒါကိုlive မှာရေမွှေးနာမည်မဖတ်တတ်မပြောတတ်တာနဲ့ပဲရယ်ချင်တယ်လို့ပြောပြီးဟားတဲ့ကိုယ်ပညာတတ်တိုင်း တစ်ပါးသူကို နှိမ်တတ်တဲ့ အမေရိကက ဆရာရဲ့စာနဲ့ဆရာရဲ့စိတ်ဓာတ်ကိုသိပြီး ဝမ်းနည်း စိတ်မကောင်းဖြစ်မိရုံပါပဲရပါတယ်လှောင်ချင်လည်းလှောင်ပါရယ်ချင်လည်းရယ်ပါ အစတည်းကကျွန်မက ပညာမတတ်ဘူးဆိုတာ တစ်တိုင်းပြည်လုံးကိုပြောပြီး ရိုးရိုးသားသားလုပ်စားနေတာပါ။အခုလိုလှောင်ခံရတာလည်း ဝမ်းနည်းမိရုံပါပဲ ကျွန်မဘဝပေးနဲ့ ကျွန်မ ဘယ်တတ်နိုင်ပါ့မလဲ။

“ကျွန်မ အင်္ဂလိပ်စာမပြောတတ်တာ မဖတ်တတ်တာက ဆရာအတွက် အူတတ်အောင်ထိရယ်လိုက်ရရင် စိတ်မကောင်းပါဘူးနော်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ထက်ထက်ကတော့ အမေရိကားမှာ နေထိုင်တဲ့ ဆရာဝန်ဆယ်လီတစ်ဦးအား တမင်ရည်ရွယ်ပြီးရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *