သီချင်းဆိုနေတဲ့ ချစ်ခင်ပွန်းကို ဘေးကနေတစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေတာကြောင့် ဗီဒီယိုလေးခိုးရိုက်ထားတဲ့ ခင်လွှမ်း

ပရိသတ်ကြီးရေ သရုပ်ဆောင် စည်ဖြိုးကတော့ သူ့ရဲ့ ချစ်သူလေးနဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သမီးလေးတစ်ယောက် မွေးဖွားထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မိသားစုဘဝလေးကလည်း အရမ်းကို အေးချမ်းလွန်းပြီး မြင်သူတိုင်းက ကြည်နူးအားကျနေရတာ ဖြစ်ပါတယ်။ ခင်လွှမ်းကတော့ သူမတို့ မိသားစုလေးရဲ့ လှုပ်ရှားမှုတိုင်း အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က ခင်လွှမ်းရဲ့ Facebook Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သီချင်းဆိုနေတဲ့ ချစ်ခင်ပွန်းကို ဘေးကနေတစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေတာကြောင့် ဗီဒီယိုလေးခိုးရိုက်ထားတာ ဖြစ်ပါတယ်။ ခင်လွှမ်းဟာ သူမတို့ ပိုင်ဆိုင်တဲ့ Studio ကို ရောက်ရှိနေကြောင်း Live လွှင့်ထားထားသေးတာပဲ ဖြစ်ပါတယ်။

စည်ဖြိုးတို့ ဇနီးမောင်နှံဟာ မင်္ဂလာမဆောင်ခင် ကိုယ်ဝန်ရသွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်ခံရမှုကို များစွာခံခဲ့ရတာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ခင်ပွန်းကို မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်နေတဲ့ ခင်လွှမ်းရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *