ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင် စိုက်ထူထားနိုင်သူတစ်ဦး ဖြစ်ပါတယ်။ ပထမအိမ်ထောင်နဲ့ အချစ်ရေးကံမကောင်းခဲ့ပေမယ့်လည်း အခုချိန်မှာတော့ သူမကို တကယ်ချစ်မြတ်နိုးတဲ့ အိမ်ထောင်ဖက်နဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချမ်းချမ်းပျော်ရွှင်နေတာကို ကြည့်ပြီး ထပ်တူ ဝမ်းသာကြည်နူးနေကြတာ ဖြစ်ပါတယ်။
ချမ်းချမ်းဟာ လက်ရှိမှာတော့ အီတလီနိုင်ငံတွင် နေထိုင်နေပြီး သမီးငယ်လေးကို အချိန်ပြည့် ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ်။ သူမရဲ့ နေထိုင်မှုပုံစံတွေကိုလည်း ပရိသတ်တွေ မြင်နိုင်စေရန် ဆိုရှယ်မီဒီယာထက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချမ်းချမ်းရဲ့ Instagram လူမှုကွန်ရက်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ အီတလီနိုင်ငံတွင် အရမ်းအေးနေပြီဖြစ်တာကြောင့် အိမ်ပတ်ပတ်လည်မှာ ရေတွေခဲနေတဲ့အခြေအနေအား ဗီဒီယိုရိုက်ပြီး ပြသလာတာ ဖြစ်ပါတယ်။ ” မနက်ခင်းလေး ရေခဲနေတဲ့ မြက်ပင်လေးတွေ ပီလာလေးအိပ်နေတုန်း အပြင်ထွက်ကြတာ အေးလွန်းလို့ ဒီအချိန်ဆို ကချင်ပြည်နယ်ဘက်တွေ နှင်းကျတဲ့မြို့တွေ သတိရမိတယ်။ အေးမြနေတဲ့ ပြင်ဦးလွင်ရယ် ရှမ်းပြည်နယ်အနှံ့သမီးလေးနဲ့အတူ လျှောက်လည်တာ မှတ်မိတယ် အိမ်ပြန်ချင်မိတယ် I miss all my family and friends” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။