ခြံထဲမှာ မီးလှုံရင်း အနွေးဓာတ်လိုချင်နေတဲ့ ချစ်ဇနီးလေးရဲ့ အလိုဆန္ဒကို မဖြစ်ဖြစ်တဲ့ နည်းဖြင့် ရအောင် ဖြည့်ဆည်းပေးခဲ့တဲ့ ခင်လေးနွယ်ရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ သရုပ်ဆောင် ခင်လေးနွယ်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ သိပ်မလုပ်တော့ဘဲ ခင်ပွန်းဖြစ်သူနဲ့သာ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ အတူ ဖြတ်သန်းကုန်ဆုံးနေတာ ဖြစ်ပါတယ်။ သာယာချမ်းမြေ့စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ ခင်လေးနွယ်ကို ပရိသတ်တွေကပါ အားကျနေကြတာ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့တော့လို့ လွမ်းနေတဲ့ ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း မကြာခဏ ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ခင်လေးနွယ်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ခြံထဲမှာ မီးလှုံရင်း အနွေးဓာတ်လိုချင်တဲ့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ ချစ်ခင်ပွန်းကြောင့် ကြည်နူးပီတိဖြစ်နေရကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။

“အရမ်းလဲအေးတယ်လေကလဲတိုက်နေတာကိုအပြင်မှာကြာကြာမနေနိုင်ဘူးလေအဲ့ဒါကိုမှမီးလေးလှုံရင်းအကင်လဲစားချင်တယ် အိမ်ထဲမှာမစားချင်ဘူးလို့ပူဆာသော မိန်းမအတွက်သူ့ရဲ့ ကြိုးစားအားထုတ်မှုလေးပါအရမ်းကြိုက်ပါတယ်ရှင့်😘😘သိပ်မကြာခင် ကိုယ့်ရဲ့ဒေသအစားအသာက်ဆိုင်လေးဖွင့်နိုင်အောင် ပြင်ဆင်နေပါတယ်အဲ့ချိန်ကြရင်လာခဲ့ဖို့ဖိတ်ပါတယ်ရှင့်😊😊” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.