မသန်စွမ်းသူတစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင် ဖမ်းဆီးခံရ
မသန်စွမ်းသူတစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်ကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ နိဗ္ဗာန်ရဲစခန်းက မတ်လ ၂၂ ရက်နေ့တွင် နေအိမ်ကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။
“ရဲတွေ လာသွားတာ။ နေပြည်တော်က တစ်ယောက်ပါတယ်ပြောတယ်။ လာကြည့်သွားရင်းနဲ့ သူ့အိမ်နားလေးက ရှိတယ်လို့ ပြောလိုက်တော့ ပါသွားတာ။ ဖေ့စဘွတ်ပရိုဖိုင်နဲ့ပဲ လာဖမ်းတာဗျ။ ဖမ်းတာကတော့ ဒီတိုင်းပဲ ခေါ်သွားတာ။ ရန်ကုန်ကနေ ဆန္ဒပြပြီး ပြန်လာတဲ့
တခြားသူတွေ ၄ ယောက်လောက်လဲ အဖမ်းခံရတယ်။ ပုဒ်မကတော့ ၅ဝ၅ (ခ)။ လောလောဆယ်တော့ ဘာမှ သေချာမသိရသေးဘူး။ အခု နိဗ္ဗာန်စခန်းကို ခေါ်သွားတယ်။ မနက်ကျရင် ရုံးထုတ်မယ်။ အဲ့ကျမှ သိရမှာ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
Zawgyi
မသန္စြမ္းသူတစ္ဦးျဖစ္သည့္ ကိုျပည့္ၿဖိဳးေအာင္ ဖမ္းဆီးခံရ
မသန္စြမ္းသူတစ္ဦးျဖစ္သည့္ ကိုျပည့္ၿဖိဳးေအာင္ကို ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕၊ နိဗၺာန္ရဲစခန္းက မတ္လ ၂၂ ရက္ေန႔တြင္ ေနအိမ္ကို လာေရာက္ဖမ္းဆီးသြားေၾကာင္း သိရသည္။
“ရဲေတြ လာသြားတာ။ ေနျပည္ေတာ္က တစ္ေယာက္ပါတယ္ေျပာတယ္။ လာၾကည့္သြားရင္းနဲ႔ သူ႔အိမ္နားေလးက ရွိတယ္လို႔ ေျပာလိုက္ေတာ့ ပါသြားတာ။ ေဖ့စဘြတ္ပ႐ိုဖိုင္နဲ႔ပဲ လာဖမ္းတာဗ်။ ဖမ္းတာကေတာ့ ဒီတိုင္းပဲ ေခၚသြားတာ။ ရန္ကုန္ကေန ဆႏၵျပၿပီး ျပန္လာတဲ့
တျခားသူေတြ ၄ ေယာက္ေလာက္လဲ အဖမ္းခံရတယ္။ ပုဒ္မကေတာ့ ၅ဝ၅ (ခ)။ ေလာေလာဆယ္ေတာ့ ဘာမွ ေသခ်ာမသိရေသးဘူး။ အခု နိဗၺာန္စခန္းကို ေခၚသြားတယ္။ မနက္က်ရင္ ႐ုံးထုတ္မယ္။ အဲ့က်မွ သိရမွာ” လို႔ ေဒသခံျပည္သူတစ္ဦးက ေျပာပါတယ္။