ဖေဖေ နေမြန်မြန်ကောင်းအောင် သူမ နားလည်သလောက် ဘေးကနေ အရိပ်တကြည့်ကြည့်နဲ့ ပြုစုပေးနေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်

သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ တစ်ဦးတည်းသော သမီးရတနာလေး ခင်လင်းထင်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။ တစ်ဦးတည်းသော သမီးလေးဖြစ်တာကြောင့် တစ်အိမ်လုံးရဲ့ အသည်းကျော်လေး ဖြစ်နေတာပါ။ Treasure လေးဟာ အသက်ငယ်သေးပေမယ့် ချစ်စရာကောင်းလောက်အောင် အိုင်တင်တွေ လုပ်တတ်နေပြီး ကြော်ငြာလေးတွေပါ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။

သမီးလေးရဲ့ လှုပ်ရှားမှုတွေကိုလည်း အမြဲလိုလို တင်ပေးလေ့ရှိပြီး မကြာသေးခင်က စန္ဒီမြင့်လွင် ခင်ပွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဖေဖေ နေမြန်မြန်ကောင်းအောင် သူမ နားလည်သလောက် အရိပ်တကြည့်ကြည့် ပြုစုပေးနေတဲ့ Treasure လေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ Treasure လေးကတော့ ဖေချစ်သမီးလေးလို့ စန္ဒီမြင့်လွင်က ဆိုထားပါသေးတယ်။

ကိုသီဟကလည်း သမီးလေးနဲ့ အားလပ်ချိန်တိုင်း အမြဲဆော့ကစားရင်း သူ့ရဲ့ အားလပ်ချိန်တွေကို ဖြတ်သန်းပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုအားပေးနိုင်စေရန်အတွက် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.