အပြင်မှာ တစ်ခါမှ မတွေ့ရသေးတဲ့ မြန်မာပြည်က အစ်မဖြစ်သူနဲ့ ဗီဒီယိုကောလ်ပြောရင်း ပျော်ရွှင်မြူးတူးနေတဲ့ ချမ်းချမ်းရဲ့သမီးငယ်လေး

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ အခြေအနေ အရပ်ရပ်ကြောင့် မြန်မာနိုင်ငံကို ပြန်လာလို့ မရသေးပေမယ့်လည်း သမီးကြီး မြမိုးဂင်္ဂါအတွက် လိုအပ်တာတွေကို အမြဲဝယ်ပို့ပေးနေတာ ဖြစ်ပါတယ်။အသက်ငယ်သေးတဲ့ သမီးငယ်လေးကို အချိန်ပြည့် ဂရုစိုက်နေတဲ့အတွက် ပရိသတ်တစ်ချို့ရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရသေးတာ ဖြစ်ပါတယ်။

ချမ်းချမ်းကတော့ သမီးကြီးကို လွမ်းတိုင်း Video Call ပြောရင်းဖြင့်သာ ဖြေသိမ့်နေရတာ ဖြစ်ပါတယ်။ သမီးကြီးကို သူမရှိရာနိုင်ငံသို့ အမြန်ဆုံးခေါ်နိုင်ဖို့အတွက်လည်း အစွမ်းကုန် ကြိုးစားနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချမ်းချမ်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ အပြင်မှာတစ်ခါမှ မတွေ့ရသေးတဲ့ မြန်မာပြည်က အဘိုး၊အဘွားနဲ့ ဗီဒီယိုကောလ်ပြောရင်း ပျော်ရွှင်မြူးတူးနေတဲ့ ချမ်းချမ်းသမီးငယ်လေးရဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ “Thank you Lord for giving these beautiful daughters🙏🙏🙏❤️❤️❤️I m so blessed by God and seeing all my family safe and sound 🙏🙏🙏သမီးကြီးလေးမွေးနေ့အတွက်ကိတ်နဲ့လက်ဆောင်တွေကြိုမှာပေးထားတာ ဖုန်းပြောကြရင်းသူလိုချင်တာလေးတွေပြောကြ ရီကြနဲ့ အဖိုးနဲ့မြေးတွေအဖွဲ့ကျနေကြတာ” ဆိုပြီး ရေးသားထားတဲ့အတွက် ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.