ပရိသတ်ကြီးရေ သရုပ်ဆောင် စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့အတွဲလေးဟာ တစ်ယောက်နဲ့တစ်ယောက် စနောက်ကျီစယ်ရင်း သူတို့ရဲ့ အချစ်ခရီးလမ်းကို ပျော်ရွှင်စွာ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်လည်း အရမ်းချစ်ကြတာကြောင့် ပရိသတ်တွေကပါ အားကျနေကြရတဲ့ အတွဲလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ Facebook page မှနေပြီး ပရိသတ်တွေအတွက် ဗဟုသုတရစေမယ့် Vlog Video လေးတွေ တင်ပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ယောက်ကို တစ်ယောက် ဆေးထိုးစနောက်နေကြတဲ့ အခွီဗီဒီယိုလေးတွေကိုလည်း သူတို့ရဲ့ Tik Tok အကောင့်မှာ အမြဲ တင်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က Sein Phyo&Yi ဆိုတဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ပေးထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဟော့ပေါ့တွေ အငမ်းမရ စားနေတဲ့ ချစ်သူလေးကို အလှဓာတ်ပုံရိုက်ပေးသလိုဟန်ဆောင်ပြီး ဆေးအကြီးကြီးထိုးလိုက်တာ ဖြစ်ပါတယ်။
အစားစားနေရင်း ချစ်သူမှ ဓာတ်ပုံရိုက်နေတယ်ထင်ပြီး ပို့စ်တွေပေးနေပေမယ့်လည်း စိန်ဖြိုးလှိုင်ကတော့ effect တစ်ခုဖြင့် ဗီဒီယိုရိုက်ကူးထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးလည်း ကြည့်ရှုပြီး ရယ်မောနိုင်စေရန်အတွက် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။