ဘွားဘွားကိုယ်တိုင် ရေနွေးလေးနဲ့ ချိုးပေးနေတာကြောင့် တစ်စက်ကလေးမှ မငိုဘဲ ငြိမ်ခံနေတဲ့ ချမ်းချမ်းသမီးငယ်လေးရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ သူမရဲ့အေးချမ်းပြီး ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာကြောင့် ကြည်နူးပီတိဖြစ်နေရတာ ဖြစ်ပါတယ်။ ခင်ပွန်းနဲ့ ယောက္ခမတွေ အားလုံးက လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့အတွက် ချမ်းချမ်းတစ်ယောက် ပျော်နေရတာ ဖြစ်ပါတယ်။ သူမရဲ့ သမီးငယ်လေးကိုလည်း တစ်မိသားစုလုံးက ဝိုင်းချစ်ပေးနေကြပြီး ကလေးနဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စတွေကိုလည်း ယောက္ခမကိုယ်တိုင် ကူညီပေးနေတာပါ။

သူမတို့ မိသားစုလေးရဲ့ လှုပ်ရှားမှုတွေကို ပရိသတ်တွေ မြင်တွေ့ရနိုင်စေရန် သူမရဲ့ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချမ်းချမ်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဘွားဘွားကိုယ်တိုင် ရေနွေးလေးနဲ့ ချိုးပေးနေတာကြောင့် လုံးဝဂျီမကျဘဲ ငြိမ်ခံနေတဲ့ ချမ်းချမ်းသမီးငယ်လေးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

မြေးအဘွားနှစ်ယောက် ရေချိုးပေးနေတာကို ချမ်းချမ်းမှ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ “Pilar shower time 😍😍😍two times in a week🥰🥰🥰သမီးလေးကိုတစ်ပတ်မှာနှစ်ကြိမ်ရေချိုးပေးရတယ်ရာသီဥတုအေးတော့မီးလေးဖိုပြီးရေနွေးလေးနဲ့ချိုးပေး😍😍😚😚😚” ဆိုပြီးရေးသားထားတာဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *