ဘယ်ကိစ္စမဆို တစ်ယောက်တည်း ကိုယ်ထူကိုယ်ထ ကြိုးစားဖြတ်သန်းနေရတဲ့ သူမရဲ့ဘဝအခြေအနေကို ရင်ဖွင့်ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း

ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းကွယ်လွန်သွားပြီးနောက်ပိုင်း Single Mother ဘဝဖြင့် ကလေးတွေကို စောင့်ရှောက်နေတာ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးနေသူလည်း ဖြစ်ပါတယ်။အလုပ်တွေ ဘယ်လောက်ပဲ ရှုပ်နေပါပစေကလေးနှစ်ယောက်ကိုလည်း အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေသူလေးမို့ ပရိသတ်တွေက နန်းမြတ်ကို ချီးကျူးနေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က နန်းမြတ်ဖြိုးသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင်ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဘယ်ကိစ္စမဆိုတစ်ယောက်တည်း ကိုယ်ထူကိုယ်ထ ကြိုးစားဖြတ်သန်းနေရတဲ့ သူမရဲ့ဘဝအခြေအနေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ အခုလက်ရှိမှာ အရာရာတိုင်း ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ရင်း သူမရဲ့တစ်နေ့တာကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

“ဟင်းတွေလဲကိုယ်တိုင်ချက်တတ်ပြီဒီနေ့ဝက်သားနီချက်နဲ့ပန်းပွင့်ကြော်၊ချဉ်ဟင်းလေးချက်တယ်။အရင်ကဆိုဟင်းချက်တဲ့ကောင်မလေးတွေပြန်သွားရင်သောကတွေရောက်တာ၊ခုတော့စိတ်ကိုလျော့လိုက်တယ်၊ ငါလုပ်နိုင်တယ်လို့တွေးတယ်။တစ်အိမ်လုံးစာဟင်းချက်တယ်၊ပြီးတာနဲ့မိတ်ကပ်အမြန်လိမ်း၊ ရှုတင်သွားတယ်။ ပြန်လာတော့ညစာပြင်ဆင်တယ်။ Online shopကိစ္စလေးတွေလဲအပြေးအလွှားလုပ်တယ်။အကြီးဆုံးလောကဓံကိုကြုံပြီး ကတည်းကဘာမဆိုရင်ဆိုင်ရုံပဲလို့တွေးတတ်သွားတယ်။အမေတွေဟာအသန်မာဆုံးပဲ။🦾💖Every Mom is special💖” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *