သမီးအရင်းလို သဘောထားပေးတာတောင် ကြုံသလိုပိုက်ဆံခိုးတတ်သော အကျင့်ရှိတဲ့ အိမ်အကူကြောင့် စိတ်သောကရောက်နေတဲ့ ရွှေရည်သိန်းတန်

ပရိသတ်ကြီးရေ အဆိုတော် ရွှေရည်သိန်းတန်ကတော့ ခင်ပွန်းမရှိတော့တဲ့နောက်ပိုင်း ဘဝကိုတစ်ယောက်တည်း ရုန်းကန်လှုပ်ရှားနေရတာ ဖြစ်ပါတယ်။ နေအိမ်တွင် အိမ်အကူတွေထားရှိပြီး အဖော်ရအောင် နေထိုင်နေရတာ ဖြစ်ပါတယ်။ အိမ်အကူတွေကို ကိုယ့်အမျိုးရင်းကဲ့သို့ သဘောထားပေမယ့်လည်း ကျေးဇူးတရားကို မသိတတ်ဘဲ စော်ကားလွန်းတာကြောင့် စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ်။

မကြာသေးခင်က ရွှေရည်သိန်းတန်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သမီးအရင်းလို သဘောထားပေးတာတောင် ကြုံသလိုပိုက်ဆံခိုးတတ်သော အကျင့်ရှိတဲ့ အိမ်အကူကြောင့် စိတ်သောကရောက်နေရတာ ဖြစ်ပါတယ်။ ” ရတနာဆင်ပေး Wave money ကလစာ စီစဉ်ပြီး၂လစာတောင်ကြိုလွှဲပေးထားတာကို ဒီလိုစုဆောင်းနိုင်တယ်ဆိုတာ နည်းတဲ့စကေးလားသမီးရယ်မင်းဘဝလေး အေးချမ်းပါစေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း မြွေပွေးခါးပိုက် ပိုက်ထားတဲ့ ရွှေရည်သိန်းတန်ရဲ့ အဖြစ်ကို ကြည့်ပြီး သနားနေကြတာ ဖြစ်ပါတယ်။ အားလုံးလည်း သတိထားနိုင်စေဖို့ ဒီသတင်းလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.