တောထဲမှာ လမ်းလျှောက်ရင်း အန္တရာယ်ရှိတဲ့ မြွေတစ်ကောင်နဲ့ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့အဖြစ်ကို ဖွင့်ဟလာတဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ သရုပ်ဆောင် ပိုးအိအိခန့်ကတော့ ခင်ပွန်းအလုပ်ရှိရာ ထိုင်းနိုင်ငံသို့ ပြောင်းရွေ့နေထိုင်နေတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေလည်း ရပ်နားထားရပြီး အိမ်မှုကိစ္စတွေကိုသာ လုပ်ကိုင်ရင်း သူမရဲ့ တစ်နေ့တာကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ တစ်နေ့တာ လှုပ်ရှားမှုတွေကိုလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် တစ်ခါတစ်လေ ဝေမျှပေးတတ်သေးတာ ဖြစ်ပါတယ်။

ပိုးအိအိခန့်ကတော့ သွယ်လျတဲ့ ကိုယ်လုံးလေး ပြန်ရနိုင်စေဖို့အတွက် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကို နေ့စဉ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေပုံတွေကိုလည်း Instagram အကောင့်တွင် အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က ပိုးအိအိခန့်ရဲ့ Instagram story တွင် ဓာတ်ပုံတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ တောထဲမှာ လမ်းလျှောက်ရင်း အန္တရာယ်ရှိတဲ့ မြွေတစ်ကောင်နဲ့ကြုံတွေ့ခဲ့ရတဲ့ သူမရဲ့အဖြစ်ကို ဖွင့်ဟလာတာ ဖြစ်ပါတယ်။ ” လမ်းလျှောက်ရင်း မြွေလည်း တွေ့ခဲ့သေးတာ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ပိုးအိအိခန့်တွေ့ခဲ့တဲ့ မြွေအမျိုးအစားကို ပြောပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.