ယောက္ခမဖြစ်သူ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာပြတိုက်သို့ သံဃာတော်များ ပင့်ဖိတ်ပြီး သိန်းပေါင်းများစွာ လှူဒါန်းခဲ့တဲ့ နန္ဒာလှိုင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ သရုပ်ဆောင် နန္ဒာလှိုင်ကတော့ ဘာသာရေးလည်း ကိုင်းရှိုင်းလွန်းပြီး အလှူရေစက်လက်နဲ့မကွာဆိုသလို အမြဲလှူဒါန်းလေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ လှူဒါန်းမှုအစုစုကိုလည်း ပရိသတ်တွေ အနုမောဓနာခေါ်ဆိုနိုင်စေရန်အတွက် သူမရဲ့ လုမှုကွန်ယက်စာမျက်နှာကနေ ဝေမျှပေးတတ်သူလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က နန္ဒာလှိုင်ရဲ့ Facebook အကောင့်တွင် ပို့စ်တစ်ခုတင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ယောက္ခမဖြစ်သူ ပိုင်ဆိုင်တဲ့ ဇေကမ္ဘာပြတိုက်သို့ သံဃာတော်များပင့်ဖိတ်ပြီး သိန်းပေါင်းများစွာလှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ ” ဇေကမ္ဘာမိသားစုမှကျိုက်ထီးဆောင်းဆံတော်ရှင်စေတီမြတ်ကြီး ရွှေစင်ထီးတော်ဆက်ကပ်လှူဒါန်းရန်နှင့် ကေလာသဆံတော်ရှင်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေရောင်စတီပြားကပ်လှူရန်အတွက် အလှူတော်ငွေကျပ်သိန်း(၅၀၀)အားကျိုက်ထီးဆောင်းဒုတိယဆရာတော်ဒေါက်တာဘဒ္ဒန္တနာဂဒီပထံဆက်ကပ်ပြီး မောင်းတီးဆရာတော်အားနဝကမ္မအလှူငွေကျပ်သိန်း(၅၀) ဆပ်ကပ်လှူဒါန်းပါတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

နန္ဒာလှိုင်တို့ မိသားစုဟာ နွေဦးတော်လှန်ရေးတွင် လုံးဝမပါဝင်ခဲ့ပဲ ဖာသိဖာသာနေခဲ့တာကြောင့်ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်တွေကို အတော်လေးခံခဲ့ရတာ ဖြစ်ပါတယ်။ သူမတို့ ဇနီးမောင်နှံဟာစစ်ကောင်စီရဲ့ဒေါက်တိုင်တွေအဖြစ် ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဖတ်ရှုနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.