ဆေးရုံတက်ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံလိုက်ရတဲ့ သမီးကြီးကြောင့် အဝေးတစ်နေရာကနေ ပူဆွေးငိုကြွေးနေရတဲ့ ချမ်းချမ်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ မကြာသေးခင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဆေးရုံတက်ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံလိုက်ရတဲ့ သမီးကြီးကြောင့် အဝေးတစ်နေရာကနေ ပူဆွေးငိုကြွေးနေရတာ ဖြစ်ပါတယ်။ အနည်းငယ် သက်သာလာပြီဖြစ်တဲ့ သမီးလေးအကြောင်းကို ရေးသားရင်း မကြာခင်မှာ ရောက်လာတော့မယ့် မြမိုးဂင်္ဂါလေးရဲ့မွေးနေ့အတွက် ပြင်ဆင်ပေးထားပုံကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။

“တော်လှန်ရေးမှာ အကြောင်းကြောင်းကြောင့်မိသားစုနဲ့ခွဲခွာနေရတဲ့ ညီအစ်ကိုမောင်နှမတွေကို ကိုယ်ချင်းစာမိတယ် ဒီနေ့အလိုလိုငိုကြွေးမိတဲ့နေ့။သမီးကြီးလေးနှုတ်ခမ်းကအရေကြည်ဘုလေး ပိုးဝင်လို့ခွဲစိတ်လိုက်ရတယ်အခုသမီးလေးအနာသက်သာလာပြီ မနက်ကခွဲတာ အခု အနာကညနေကျချပ်ပြီးသက်သာလာပြီအဖေနဲ့အမေကိုကျေးဇူးတင်ပါတယ် ကိုယ်မရှိတုန်းပြန်လာလို့မရပေမဲ့ လိုအပ်သမျှကိုဒီကနေပြောသမျှအကုန်လိုက်လုပ်ပေးတာကျေးဇူးပါအနာကျက်ဖို့တစ်ပတ်လောက် အိမ်ထဲနေရမယ် ပိုးမဝင်အောင်နေရမယ်ဆိုတော့ မွေးနေ့ကိတ်ရောလက်ဆောင်တွေရောonlineကနေအကုန်မှာပြီး သမီးဘေးအတွက်surprise လုပ်ပေးဖို့စီစဉ်ထားတယ်။

သမီးလေးအတွက်ကျွန်မအမေကသူလိုချင်တဲ့tablet လေးဝယ်ပေးတယ်ကျွန်မကကိတ်နဲ့တခြားလက်ဆောင်တွေကိတ်တွေ သူ့ဖေဖေကသူလိုချင်တာကိုလက်ဆောင်ပေးမယ်တခြားsurprise gift တွေလဲ အသိမိတ်ဆွေတွေကသမီးလေးအတွက်စီစဉ်ထားကြသေးတယ်။သမီးရေ ဒီလ၂၃ရက်နေ့က သမီးလေး မွေးနေ့နော် အမေတို့ပြန်ဆုံရမှာမကြာတော့ဘူးနော် သမီးအားတင်းထားအမေလဲ အားတင်းထားတယ်အစစအရာရာဘေးအန္တာယ်ကင်းကြလို့ဘုရားကိုဦးစွာကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်မ အဖေနဲ့အမေရယ် မိတ်ဆွေသူငယ်ချင်းတွေက သမီးလေးကိုဝိုင်းဝန်းစောင့်ရှောက်ပေးလို့ကျေးဇူးပါပြန်လာလို့မရသေးပေမဲ့ တစ်ရက်မပျက်သမီးအတွက် ကြိုးစားပြီးရှင်သန်နေပါတယ်သမီးရေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *