အဆိုတော် ရေမွန်ရဲ့နာမည်အကြီးဆုံး သီချင်းကို အထစ်အငေါ့မရှိ ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ Liam လေးရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် လွင်မိုးရဲ့ တစ်ဦးတည်းသော မြေးလေး Liam ကတော့ အားလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားတာ ဖြစ်ပါတယ်။ သူကတော့ မွေးကင်းစအချိန်ကတည်းကနေ အခုချိန်ထိ တစ်အိမ်လုံးရဲ့ ချစ်ခြင်းတွေကိုသာမကဘဲ ပရိသတ်တွေကပါ အသည်းတုန်မတတ် ချစ်နေရတာ ဖြစ်ပါတယ်။ အနုပညာရှင်တွေရဲ့ သားသမီးတွေထဲမှာလည်း ရူပါအဖြောင့်ဆုံး ဖြစ်ပါတယ်။

Liam လေးကတော့ မိဘတွေနဲ့အတူ မနေရသေးဘဲ အဘိုးအဘွားတွေနဲ့သာ အတူနေထိုင်နေရတာ ဖြစ်ပါတယ်။ ကလေးနဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေ အမြဲသိရှိနိုင်အောင် အဘွားဖြစ်သူ အန်တီမေသူမှ ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က Liam’s Fan Group မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ အဆိုတော် ရေမွန်ရဲ့နာမည်အကြီးဆုံး သီချင်းကို အထစ်အငေါ့မရှိ ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ Liam လေးရဲ့ဗီဒီယိုဖိုင် ဖြစ်ပါတယ်။ Liam ကတော့ အနုပညာနဲ့ပတ်သက်ပြီး ကလေးဘဝကတည်းက စိတ်ဝင်တစား ရှိနေပြီ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေရန်အတွက် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

 

Leave a Reply

Your email address will not be published.