သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် ဖွင့်လှစ်ထားတဲ့ ပိုးထည်ဆိုင်သို့ သွားရောက်ပြီး အထည်တွေဝက်ဝက်ကွဲအောင် ဝယ်ယူ အားပေးခဲ့တဲ့ မေသန်းနု

သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်က အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက် ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတိုင်းမှာလည်း ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အားလုံးရဲ့ချီးကျူးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ လှမျိုးသဉ္ဇာနွယ်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလောက ကနေ အနားယူကာ အခြားစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။

သူမကတော့ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ ပိုးထည်ဆိုင် ဖွင့်လှစ်ထားပြီး အခြားသော အနုပညာရှင်များကို ဖိတ်ကြားပြီး ဆိုင်က ပိုးထည်တွေကို Live လွှင့်ရောင်းချပေးလျက် ရှိပါတယ်။ အနုပညာမောင်နှများကလည်း သူမရဲ့ဆိုင်သို့ တကူးတကလာရောက်ပြီး ဝယ်ယူအားပေးတဲ့အတွက် လှမျိုးသဉ္ဇာနွယ်တစ်ယောက် ဝမ်းသာနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က လှမျိုးသဉ္ဇာနွယ်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ် ဖွင့်လှစ်ထားတဲ့ ပိုးထည်ဆိုင်သို့ သွားရောက်ပြီး အထည်တွေဝက်ဝက်ကွဲအောင် ဝယ်ယူ အားပေးခဲ့တဲ့ မေသန်းနုရဲ့ ပုံရိပ်တွေ ဖြစ်ပါတယ်။ “ချစ်သောအစ်မ မဆင့် အများကြီးအားပေးတာကျေးဇူးတင် ချစ်ခင်ရပါတယ် အမ မိတ်ဆွေတွေ အများကြီးကိုလဲ ညွှန်ပေးသေးတာ အနုပညာ စီနီယာ အစ်မ ပီသ ပြည့်ဝ ပါသော ချစ်သောအစ်မ မဆင့် 🥰🥰🥰🙏🏻🙏🏻ထပ်ကာတလဲလဲ အားပေးတာ😘😘😘😘” ဆိုပြီး ရေးသားထားတာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.