ချစ်သူလေးရဲ့မွေးနေ့အတွက် ဘယ်သူမှ မလုပ်ပေးဖူးတဲ့အရာလေးတစ်ခု လက်ဆောင်ပေးခဲ့တဲ့ ပိုင်တံခွန်အစ်မရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဆောင်းယွန်းစံကတော့ အခုနောက်ပိုင်း အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေ သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး တော်ရုံ ထုတ်မပြောလေ့ရှိတာကြောင့် ပရိသတ်တော်တော်များများက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ သူမရဲ့ အချစ်ရဆုံးသူတစ်ယောက်အား အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဆောင်းယွန်းစံရဲ့ ချစ်သူလေးကတော့ သရုပ်ဆောင် ပိုင်တံခွန်ရဲ့ အစ်မအရင်း မေချစ်သွေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်တာ မကြာသေးပင်မယ့်လည်း ပရိသတ်တွေ သိရအောင် မကွယ်ဝှက်ဘဲ အမှန်တိုင်း ချပြခဲ့တာ ဖြစ်ပါတယ်။ မနေ့ကတော့ ဆောင်းယွန်းစံရဲ့ မင်္ဂလာရှိတဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။

မကြာသေးခင်က မေချစ်သွေးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သူလေးရဲ့မွေးနေ့အတွက်ဘယ်သူမှ မလုပ်ပေးဖူးတဲ့အရာလေးတစ်ခုလက်ဆောင်ပေးခဲ့တဲ့ ပိုင်တံခွန်အစ်မရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ” Surprise အောင်မြင်လို့ memories လာသိမ်းတာ🖤🐼🐶” ဆိုပြီး ရေးသားထားပြီး ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.