မယားကြီးနဲ့ တရားဝင်ကွာရှင်းပြီး နောက်ထပ်တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့ ဇနီးနဲ့သာယာ ကြည်နူးစွာ နေထိုင်လျက်ရှိနေတဲ့ ချစ်ကောင်း

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါက ဂီတလောကမှာ အောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူထားနိုင်ခဲ့သူကတော့ အဆိုတော် ချစ်ကောင်း ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းများစွာကလည်း ဒီနေ့ထက်ထိ ပရိသတ်တွေကြားမှာ နားထောင်ကောင်းနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့သမီးကြီးဖြစ်တဲ့ အိမ့်ချစ်ဟာလည်း ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံရရှိထားတာ ဖြစ်ပါတယ်။

ချစ်ကောင်းဟာ သူ့ရဲ့ ပထမဇနီးနဲ့ တရားဝင်ကွာရှင်းပြီး နောက်ထပ် အိမ်ထောင်ထပ်ပြုထားတာ ဖြစ်ပါတယ်။ ဒုတိယအိမ်ထောင်နဲ့ သားသမီး သုံးယောက် ထွန်းကားထားပါတယ်။ မိသားစုနဲ့ ပတ်သက်တဲ့ အမှတ်တရ ပုံရိပ်တွေကိုလည်း မကြာခဏ ဝေမျှပေးလျက် ရှိနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ချစ်ကောင်းရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ နောက်ထပ် တည်ထောင်ထားတဲ့ မိသားစုနဲ့ ဘုရားအတူဖူးရင်း ဓာတ်ဖမ်းထားတဲ့ ချစ်ကောင်းရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ” ဦးလေးရဲ့အိမ်တက်ထမင်းဝိုင်းသိမ်းလည်း ကိုယ်ကဆက်ပြီးတော့ ဘုရားပေါ် မိသားစုနဲ့တက် အားလုံးဟာ ရေစက်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချစ်ကောင်းရဲ့ မိသားစုပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *