ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ မကြာသေးခင်က သူ့ရဲ့ ချစ်သူလေးနဲ့ တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ (၅) လကျော် လက်တွဲခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲပြတ်စဲသွားခဲ့ရပြီ ဖြစ်ပါတယ်။ သိပ်ချစ်ရလွန်းတဲ့ ချစ်သူလေးကို လက်လွှတ်ခဲ့ရတဲ့အတွက် ဥက္ကာမင်းမောင်တစ်ယောက် အသည်းကွဲနေတာ ဖြစ်ပါတယ်။
မကြာသေးခင်က ဥက္ကာမင်းမောင်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အသစ်စက်စက် ရည်းစားလေးနဲ့လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်တာကြောင့် မစားနိုင်မသောက်နိုင်ဖြစ်ပြီး အသည်းကွဲနေတာ ဖြစ်ပါတယ်။ ” ၁၆၆ ရက်ကြာ တူတူရှိခဲ့တဲ့ ကျွန်တော်တို့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဒီနေ့ပဲပြီးဆုံးဘယ်သူ့ဘက်ကမှ အမှားမရှိပါဘူးရေရှည်မဖြစ်နိုင်မှန်းအစောကြီးထဲကသိနေပေမယ့်လဲ မျှော်လင့်ချက်လေးသဲ့သဲ့နဲ့ ကြိုးစားခဲ့ပါတယ် အရမ်းသည်းခံခဲ့တယ်သူငယ်ချင်းတွေက ဆက်မတွေ့နဲ့တော့ ပြောတာကို ခေါင်းမာပြီးရှေ့ဆက်ခဲ့တယ်လွန်ခဲ့တဲ့၂ လကျော်ကစပြီး စိတ်ဆင်းရဲလိုက်ပျော်လိုက်သူ့ရဲ့ ဂရုစိုက်မှုမှာမျောပါသွားလိုက်ငိုရလိုက်အိပ်မရတဲ့ ရက်တွေနဲ့မကြာခင်နောက်ဆုံးနိဂုံး ချိန်ရောက်လာတော့မှာကြိုတင်သိနေခဲ့တယ်
ကိုယ့်အသဲကိုကိုယ်တိုင်ခွဲပြီး အသဲမာအောင်လုပ်ယူခဲ့ရတာတကယ်တမ်းလမ်းခွဲတော့ အသဲကွဲတဲ့ဒါဏ်ကိုမခံစားရလို့ အကျေနပ်ဆုံးပဲစိတ်ဖိစီးမှုတွေမရှိတော့လို့ဝမ်းသာတယ်အမှတ်တရများစွာနဲ့သတိကတော့ရမှာပေါ့လေဘဝရဲ့အရေးပါတဲ့တပိုင်းတစအနေနဲ့သူအမြဲရှိနေမှာတော့အသေချာပါပဲ.ကျွန်တော်တို့၂ယောက်ရဲ့တွေ့ခဲ့ဖြစ်ပျက်ခဲ့တာတွေကရုပ်ရှင်ဆန်လွန်းလို့ စိတ်ပါရင်ဝတ္ထုလေးရေးဦးမယ်အမှတ်တရပေါ့လွယ်လွယ်နဲ့မချစ်မိအောင်တော့ နောက်ဆိုဆင်ခြင်ရမှာပေါ့လေတနေ့နေ့တချိန်ချိန်သူ့ဘက်က ပြောင်းလဲပြီးကိုယ့်ဆီပြန်လာချင်တယ်ဆိုရင်တော့လဲ တံခါးဖွင့်ပေးထားပါတယ်ကိုယ်နောက်ထပ် အသစ်မတွေ့သေးရင်ပေါ့လေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။