ယောက္ခမတွေကို မကန်တော့ဘဲ ကြမ်းပြင်ပေါ်မှာ ခွေခွေလေး အိပ်နေတဲ့ ခင်ပွန်းဖြစ်သူရဲ့အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

ပရိသတ်ကြီးရေ မနေ့ကတော့ သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ရဲ့ မွေးနေ့ရက်မြတ်လေး ဖြစ်ပါတယ်။ နှိုင်းရှင်ကတော့ သူမရဲ့မွေးနေ့မှာ တတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်ရင်း ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ မိဘနှစ်ပါးကိုလည်း လက်ဆယ်ဖြာ ထိပ်မှာမိုးပြီး ရှိခိုးကန်တော့ခဲ့ပါသေးတယ်။

သူမရဲ့ မွေးနေ့ဖြတ်သန်းပုံတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးခဲ့တာ ဖြစ်ပါတယ်။ “အမေနဲ့အဖေကိုကန်တော့တာလေးဘယ်အချိန်ကန်တော့ကန်တော့တစ်ခါမှ မတင်ဖူးခဲ့ဘူးဒီနှစ်အမှတ်တရအနေနဲ့ တင်ထားပါရစေ🙏”ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီပုံတွေထဲမှာ နှိုင်းရှင်ရဲ့ခင်ပွန်း ကိုဘင်းဟာ ယောက္ခမတွေကို မကန်တော့ဘဲ ကြမ်းပြင်ပေါ်မှာ ခွေခွေလေးအိပ်နေတာ ဖြစ်ပါတယ်။

ဒါကို ပရိသတ်တွေက မြင်ပြီးမေးတဲ့အခါမှာတော့ နှိုင်းရှင်မြင့်မိုရ်မှ အခုလို ပြန်လည်ရေးသားဖြေကြားခဲ့တာ ဖြစ်ပါတယ်။” သူ့မွေး‌နေ့မဟုတ်ဘူးလေအစ်မမွေးနေ့မှာ အစ်မကိုမွေးထားတဲ့အဖေနဲ့အမေကိုအစ်မကန်တော့တာ” ဆိုပြီး ပြန်ဖြေထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.