ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ နောက်အိမ်ထောင်ပြုပြီး သမီးငယ်လေး မွေးဖွားထားတာ ဖြစ်ပါတယ်။ သူမရဲ့ သမီးငယ်လေးကိုလည်း ပရိသတ်တွေအားလုံးက ချစ်မဝ ဖြစ်နေကြတာ ဖြစ်ပါတယ်။ သမီးလေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ချမ်းချမ်းမှ အမြဲလိုလို တင်ပေးနေတာ ဖြစ်ပါတယ်။
မကြာသေးခင်က ချမ်းချမ်းရဲ့Instagram Story တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ရာမဝင်ခင် သမီးလေးကို ချော့မြူရင်း ဆော့ကစားပေးနေတဲ့ခင်ပွန်းဖြစ်သူအား ဗီဒီယိုလေးရိုက်ပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ Pilar ဖေဖေဟာ တစ်နေကုန် လုပ်ငန်းခွင်မှာ ပင်ပန်းထားတာတောင် အနားမယူနိုင်သေးဘဲ သမီးလေးကို အချိန်ပေးဖြစ်နေတာ ဖြစ်ပါတယ်။
ချမ်းချမ်းကတော့ သမီးလေးကို အခုထက်ပိုပြီး အာဟာရရှိစေအောင် အစားအစာတွေ သေချာရွေးချယ်ပြီး တစ်နေ့တစ်မျိုး မရိုးရအောင် လုပ်ကျွေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်လေးတွေကို YouTube ပေါ်မှာ တင်ပေးနေပါသေးတယ်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုလို့ရအောင် Pilar လေးတို့ သားအဖရဲ့ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။