သမီးလေး မျှော်လင့်တောင်းတနေတဲ့ ဖခင်မေတ္တာတွေ ဖြည့်ဆည်းပေးနေတဲ့ ချစ်သူလေးကြောင့် နေ့ရက်တိုင်း ပျော်ရွှင်နေရတဲ့ အေသင်ချိုဆွေ

ပရိသတ်ကြီးရေ အဆိုတော် အေသင်ချိုဆွေကတော့ လတ်တလောမှာ သမီးလေးနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူမရဲ့ချစ်သူလေးနဲ့ တွေ့ဆုံရန် ရောက်ရှိနေတာ ဖြစ်ပြီး သမီးလေးကိုပါ တစ်ခါတည်း မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ IVY လေးကတော့ မေမေ့ရဲ့ချစ်သူလေးကို ညိုညင်ခြင်းမရှိဘဲ သဘောတူလက်ခံထားတာ ဖြစ်ပါတယ်။

သမီးလေးနဲ့ ချစ်သူလေးတို့ သင့်မြတ်နေကြတာကိုကြည့်ပြီး အေသင်တစ်ယောက် ပီတိဖြစ်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က အေသင်ချိုဆွေရဲ့ Facebook Story တွင် ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သမီးလေး မျှော်လင့်တောင်းတနေတဲ့ ဖခင်မေတ္တာတွေ ဖြည့်ဆည်းပေးနေတဲ့ ချစ်သူလေးကြောင့် နေ့ရက်တိုင်း ပျော်ရွှင်နေရတာ ဖြစ်ပါတယ်။

အေသင့်ရဲ့ ချစ်သူလေးဟာ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အားလပ်ရက်လေးမှာ ချစ်သူလေးတို့ သားအမိနှစ်ယောက်နဲ့ တွေ့ဆုံနိုင်ရန်အတွက် ထိုင်းနိုင်ငံသို့ တကူးတက လာရောက်ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိနိုင်စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.