အိမ်မှာ အထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ် ပူဇော်ပါ

အိမ်မှာ အထိအခိုက်တခုခု မရှိရအောင် ပဋ္ဌာန်းရွတ်မိတိုင်း ဒီလိုရွတ်ဖတ် ပူဇော်ပါ

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊ အိမ်မှာ ရွတ်လို့မရဘူး အိမ်စောင့်နတ် မခံနိုင်ဘူး ၊

ဘုရားမှာရွတ်တယ်၊ အသံတွေ ကြားရတယ်၊ အရိပ်တွေ မြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေ များတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများ အတွက် ဒီနည်းလေးကို မျှဝေပေးချင် ပါတယ်နော် ။

ပထမဆုံး နတ် ပင့်ရပါမယ် ။

သမန္တာ စက္ကဝါဠေသု၊ အတြာဂစ္ဆန္တု ဒေဝတာ။

သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။ (ဓမ္မဿဝနကာလော အယံ ဘဒန္တာ) ၃ ခေါက်ရွတ်ပေးပါ

ဒုတိယက မေတ္တာသုတ် ရွတ်ရပါမယ် ။

တတိယက ခွင့်တောင်းရပါမယ် ။

ဘုန်းတော်အနန္တ၊ ဂုဏ်တော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ပါရမီတော် အနန္တ၊ မေတ္တာတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

ဘုရားတပည့်တော် (—–)သည် ဤနေ့ (—–)ခုနှစ်၊ (—–)ရက်၊ (—–)နေ့တွင် ဤ(—–)နေရာဌာန တွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နတ်ပြည် ခြောက်ထပ်တွင် ဟောကြားတော် မူခဲ့သည့် ၊

(အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်ကြီး (သို့) မဟာပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်နှင့် မဟာပဋ္ဌာန်း ပစ္စယ နိဒ္ဒေသပါဠိတော်) တို့ကို ရွတ်ဖတ်သရဇ္ဈယ်၍ မြတ်စွာဘုရားအား လေးစားကော်ရော် ပူဇော်ခြင်းတည်း ဟူသော

ကုသိုလ်ကောင်းမှုကို ပြုလုပ်လိုပါသဖြင့် ရွတ်ဖတ်ကြားခွင့် ပေးသနားတော်မူပါရန် တရားတော်၏ ပိုင်ရှင် အစစ်အမှန် ဖြစ်တော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးထံမှ ခွင့်တောင်းအပ်ပါသည် အရှင်ဘုရား ခွင့်ပေးတော်မူပါ အရှင်မြတ်ကြီး ဘုရား ။

စတုတ္ထက ဖိတ်ကြားရပါမယ် ။

မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို နာကြားနိုင်သော နာကြားလိုသော အားလုံးသော စကြာဝဠာအနန္တတွင် ရှိကြကုန်သော အပါယ်ဘုံသားလူနတ်ဗြဟ္မာသတ္တဝါ အပေါင်းတို့နှင့်

ဘုရားတပည့်တော်၏ ဆွေဆက်၊ မျိုးဆက်၊ ပဋ္ဌာန်းဆက်ဆွေတော်၊ မျိုးတော် အပေါင်းတို့ တရားတော်နာ ကြွရောက်ကြပါရန် ဖိတ်ကြားအပ် ပါ၏ ။ (မိမိဖိတ်ကြား လိုသော ပုဂ္ဂိုလ်အပေါင်းအားလည်း ဖိတ်ကြားနိုင် ပါတယ်)

ပဉ္စမကတော့ ဖယ်ရှားခြင်းဖြစ်ပါတယ် ။

မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာရ်နတ်၏ နောက်လိုက်နောက်ပါ နတ်ဆိုးများ အားလုံးတို့ ဤ(—–)နေရာဌာနနှင့်

အနီးပတ်ဝန်းကျင်၌ ရှိနေပါက ခေတ္တခဏ ဖယ်ရှားပေးကြပါရန် ပန်ကြားအပ် ပါ၏ ။(ခေတ္တခဏ ဖယ်ရှားပေးကြပါကုန်လော့) ၃ခေါက် ပဋ္ဌာန်း စတင် ရွတ်ဆိုပါ ။

ဆဌမကတော့ ဖယ်ရှားထားသူများအား ပြန်လည် ပန်ကြားခြင်း ဖြစ်ပါတယ် ။

ဘုရားတပည့်တော် (—–)မှ ခေတ္တခဏ ဖယ်ရှားရန် ပန်ကြားထားသော မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ကြားခြင်းကို မနာကြားနိုင်သော ပုဂ္ဂိုလ်များနှင့် နတ်စိမ်းများ၊ မာန်နတ်၏

နောက်လိုက် နောက်ပါ နတ်ဆိုးများ အားလုံးတို့ သင်တို့နေရာ ဌာနအသီးသီး၊ ဘုံဗိမ္မာန်အသီးသီးသို့ ပြန်လည်ကြွမြန်း၍ (နေလိုက နေနိုင်ပါပြီ) ၃ခေါက် ရွတ်ပေးပါ

နောက်ဆုံးကတော့ မေတ္တာပို့ အမျှဝေ နတ်ပို့ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။သဗ္ဗေ ဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္မတ္တိ သိဒ္ဓိယာ။

တချို့သော ဘုံလောက သားတွေဟာ ပဋ္ဌာန်းကိုနာကြားရတဲ့အခါ အလွန်ပဲ ပူလောင်ပါတယ်။ အကုသိုလ်ကံ ကြီးလွန်း အားကြီးတော့ မနာကြားနိုင် ပါဘူး။ အသံကြားရင်ပဲ ပူလောင်လှတဲ့အတွက် ရွတ်ဖတ်သူကို အရမ်းစိတ်ဆိုး တတ်သည် ။

အဲ့တော့ သူတို့တလှည့် ပြန်အားသာတဲ့ အခါ ကိုယ့်ကို ဒုက္ခပေးတတ် ပါတယ်။ အဲ့ဒါကြောင့်မို့ ခေတ္တခဏ အသိပေးပြီး ဖယ်ရှားခိုင်းတာ အကောင်းဆုံးဖြစ်သည် ။

အားလုံးပဲ ပဋ္ဌာန်းဒေသနာတော်ကို ပူဇော်ပြီး ပိုမိုကောင်းမွန် မြင့်မြတ်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ။

Mulan Sarah ကျမ်းကိုး အဓိဋ္ဌာန်ကျင့်စဉ်ဝင်နည်းနှင့် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်နည်း

Zawgyi

အိမ္္မွာ အထိအခိုက္္တခုခု မရွိရေအာင္ ပ႒ာန္းရြြတ္မိတိုင္္း ဒီလုိရြတ္ဖတ္ ပူေဇာ္ပါ

ပ႒ာန္း႐ြတ္ရင္ မိသားစုမွာ စိတ္ဆင္းရဲစရာေတြ ျဖစ္တယ္၊ ဘာလုပ္လုပ္ အဆင္မေျပဘူး၊ စီးပြားေရးက်တယ္၊ လင္မယား ရန္ျဖစ္တယ္၊ သားသမီးေတြ ဆုံးမရတာ မလြယ္ဘူး၊ အိမ္မွာ ႐ြတ္လို႔မရဘူး အိမ္ေစာင့္နတ္ မခံႏိုင္ဘူး ၊

ဘုရားမွာ႐ြတ္တယ္၊ အသံေတြ ၾကားရတယ္၊ အရိပ္ေတြ ျမင္ရတယ္၊ ၿပီးေအာင္႐ြတ္လို႔မရဘူး အေႏွာက္အယွက္ေတြ မ်ားတယ္၊ စသည္ျဖင့္ ပ႒ာန္း႐ြတ္ရင္ အဆင္မေျပသူမ်ား အတြက္ ဒီနည္းေလးကို မွ်ေဝေပးခ်င္ ပါတယ္ေနာ္ ။

ပထမဆုံး နတ္ ပင့္ရပါမယ္ ။

သမႏၲာ စကၠဝါေဠသု၊ အၾတာဂစၦႏၲဳ ေဒဝတာ။

သဒၶမၼံ မုနိရာဇႆ၊ သုဏႏၲဳ သဂၢေမာကၡဒံ။ (ဓမၼႆဝနကာေလာ အယံ ဘဒႏၲာ) ၃ ေခါက္႐ြတ္ေပးပါ

ဒုတိယက ေမတၱာသုတ္ ႐ြတ္ရပါမယ္ ။

တတိယက ခြင့္ေတာင္းရပါမယ္ ။

ဘုန္းေတာ္အနႏၲ၊ ဂုဏ္ေတာ္အနႏၲ၊ ကံေတာ္အနႏၲ၊ ဉာဏ္ေတာ္အနႏၲ၊ တန္ခိုးေတာ္အနႏၲ၊ ပါရမီေတာ္ အနႏၲ၊ ေမတၱာေတာ္အနႏၲတို႔ႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရား ။

ဘုရားတပည့္ေတာ္ (—–)သည္ ဤေန႔ (—–)ခုႏွစ္၊ (—–)ရက္၊ (—–)ေန႔တြင္ ဤ(—–)ေနရာဌာန တြင္ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး နတ္ျပည္ ေျခာက္ထပ္တြင္ ေဟာၾကားေတာ္ မူခဲ့သည့္ ၊

(အဘိဓမၼာ မဟာပ႒ာန္း က်မ္းေတာ္ႀကီး (သို႔) မဟာပ႒ာန္းပစၥယုေဒၵသ ပါဠိေတာ္ႏွင့္ မဟာပ႒ာန္း ပစၥယ နိေဒၵသပါဠိေတာ္) တို႔ကို ႐ြတ္ဖတ္သရဇၩယ္၍ ျမတ္စြာဘုရားအား ေလးစားေကာ္ေရာ္ ပူေဇာ္ျခင္းတည္း ဟူေသာ

ကုသိုလ္ေကာင္းမႈကို ျပဳလုပ္လိုပါသျဖင့္ ႐ြတ္ဖတ္ၾကားခြင့္ ေပးသနားေတာ္မူပါရန္ တရားေတာ္၏ ပိုင္ရွင္ အစစ္အမွန္ ျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးထံမွ ခြင့္ေတာင္းအပ္ပါသည္ အရွင္ဘုရား ခြင့္ေပးေတာ္မူပါ အရွင္ျမတ္ႀကီး ဘုရား ။

စတုတၳက ဖိတ္ၾကားရပါမယ္ ။

မဟာပ႒ာန္းေဒသနာေတာ္ ႐ြတ္ဖတ္ၾကားျခင္းကို နာၾကားႏိုင္ေသာ နာၾကားလိုေသာ အားလုံးေသာ စၾကာဝဠာအနႏၲတြင္ ရွိၾကကုန္ေသာ အပါယ္ဘုံသားလူနတ္ျဗဟၼာသတၱဝါ အေပါင္းတို႔ႏွင့္

ဘုရားတပည့္ေတာ္၏ ေဆြဆက္၊ မ်ိဳးဆက္၊ ပ႒ာန္းဆက္ေဆြေတာ္၊ မ်ိဳးေတာ္ အေပါင္းတို႔ တရားေတာ္နာ ႂကြေရာက္ၾကပါရန္ ဖိတ္ၾကားအပ္ ပါ၏ ။ (မိမိဖိတ္ၾကား လိုေသာ ပုဂၢိဳလ္အေပါင္းအားလည္း ဖိတ္ၾကားႏိုင္ ပါတယ္)

ပၪၥမကေတာ့ ဖယ္ရွားျခင္းျဖစ္ပါတယ္ ။

မဟာပ႒ာန္းေဒသနာေတာ္ ႐ြတ္ဖတ္ၾကားျခင္းကို မနာၾကားႏိုင္ေသာ ပုဂၢိဳလ္မ်ားႏွင့္ နတ္စိမ္းမ်ား၊ မာရ္နတ္၏ ေနာက္လိုက္ေနာက္ပါ နတ္ဆိုးမ်ား အားလုံးတို႔ ဤ(—–)ေနရာဌာနႏွင့္

အနီးပတ္ဝန္းက်င္၌ ရွိေနပါက ေခတၱခဏ ဖယ္ရွားေပးၾကပါရန္ ပန္ၾကားအပ္ ပါ၏ ။(ေခတၱခဏ ဖယ္ရွားေပးၾကပါကုန္ေလာ့) ၃ေခါက္ ပ႒ာန္း စတင္ ႐ြတ္ဆိုပါ ။

ဆဌမကေတာ့ ဖယ္ရွားထားသူမ်ားအား ျပန္လည္ ပန္ၾကားျခင္း ျဖစ္ပါတယ္ ။

ဘုရားတပည့္ေတာ္ (—–)မွ ေခတၱခဏ ဖယ္ရွားရန္ ပန္ၾကားထားေသာ မဟာပ႒ာန္းေဒသနာေတာ္ ႐ြတ္ဖတ္ၾကားျခင္းကို မနာၾကားႏိုင္ေသာ ပုဂၢိဳလ္မ်ားႏွင့္ နတ္စိမ္းမ်ား၊ မာန္နတ္၏

ေနာက္လိုက္ ေနာက္ပါ နတ္ဆိုးမ်ား အားလုံးတို႔ သင္တို႔ေနရာ ဌာနအသီးသီး၊ ဘုံဗိမၼာန္အသီးသီးသို႔ ျပန္လည္ႂကြျမန္း၍ (ေနလိုက ေနႏိုင္ပါၿပီ) ၃ေခါက္ ႐ြတ္ေပးပါ

ေနာက္ဆုံးကေတာ့ ေမတၱာပို႔ အမွ်ေဝ နတ္ပို႔ ဧတၱာဝတာ စ အေမွဟိ၊ သမၻတံ ပုညသမၸဒံ။သေဗၺ ေဒဝါ ႏုေမာဒႏၲဳ၊ သဗၺသမၼတၱိ သိဒၶိယာ။

တခ်ိဳ႕ေသာ ဘုံေလာက သားေတြဟာ ပ႒ာန္းကိုနာၾကားရတဲ့အခါ အလြန္ပဲ ပူေလာင္ပါတယ္။ အကုသိုလ္ကံ ႀကီးလြန္း အားႀကီးေတာ့ မနာၾကားႏိုင္ ပါဘူး။ အသံၾကားရင္ပဲ ပူေလာင္လွတဲ့အတြက္ ႐ြတ္ဖတ္သူကို အရမ္းစိတ္ဆိုး တတ္သည္ ။

အဲ့ေတာ့ သူတို႔တလွည့္ ျပန္အားသာတဲ့ အခါ ကိုယ့္ကို ဒုကၡေပးတတ္ ပါတယ္။ အဲ့ဒါေၾကာင့္မို႔ ေခတၱခဏ အသိေပးၿပီး ဖယ္ရွားခိုင္းတာ အေကာင္းဆုံးျဖစ္သည္ ။

အားလုံးပဲ ပ႒ာန္းေဒသနာေတာ္ကို ပူေဇာ္ၿပီး ပိုမိုေကာင္းမြန္ ျမင့္ျမတ္ေသာဘဝကို ပိုင္ဆိုင္ႏိုင္ၾကပါေစ ။

Mulan Sarah က်မ္းကိုး အဓိ႒ာန္က်င့္စဥ္ဝင္နည္းႏွင့္ မဟာပ႒ာန္း႐ြတ္ဖတ္ ပူေဇာ္နည္း

Leave a Reply

Your email address will not be published. Required fields are marked *