သူ့လို မကြာခဏ အသည်းမကွဲစေဖို့အတွက် နည်းလမ်းကောင်းတွေကို အွန်လိုင်းကနေတစ်ဆင့် သင်ကြားပို့ချပေးနေတဲ့ ဥက္ကာမင်းမောင်ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ မကြာသေးခင်က အွန်လိုင်းပေါ်တွင် ပလူပျံနေအောင် တွဲနေတဲ့ ချစ်သူလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အသိပေးထားပါတယ်။ တစ်ချို့ပရိသတ်တွေကတော့ ရည်းစားတွေကို ထည်လဲတွဲနေတဲ့ ဥက္ကာမင်းမောင်ကို ခင်ထားလို့တောင် ချစ်စနိုးနဲ့ ခေါ်နေကြတာ ဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ သူအရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့ ပြတ်သွားတဲ့ အတွက် အတော်လေးကို ခံစားနေရတာ ဖြစ်ပါတယ်။

အသည်းကွဲတဲ့ ဝေဒနာကို လွန်ခဲ့တဲ့ (၂) လလောက်ကတည်း​က ခံစားနေခဲ့ရတာ ဖြစ်ပြီး အခုချိန်မှာတော့ အနည်းငယ် နေသားကျသွားပြီလို့ ဥက္ကာမင်းမောင်မှ ဆိုပါတယ်။ မကြာသေးခင်က ဥက္ကာမင်းမော​င်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူ့လို မကြာခဏ အသည်းမကွဲစေဖို့အတွက် နည်းလမ်းကောင်းတွေကို အွန်လိုင်းကနေတစ်ဆင့် သင်ကြားပို့ချပေးနေတဲ့ ဥက္ကာမင်းမောင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

“အသဲကွဲ​နေတဲ့သူများအတွက် အသဲကွဲ​တဲ့ဒဏ်ကို ဘယ်လိုကုစားသင့်သလဲ… ဘာ​တွေလုပ်သင့်သလဲဘယ်လို Move on လုပ်ရမလဲ ဆိုတာ ကျွန်​တော် သိသ​လောက်​ပြောပြထားပါတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေထဲမှာ အသည်းကွဲနေတဲ့သူတွေရှိရင် ကြိုတင်ပြင်ဆင်နိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.