ချစ်သမီးလေးရဲ့ချစ်စရာကောင်းလွန်းလှတဲ့ ပါးဖောင်းဖောင်းလေးကို ကိုင်ကြည့်ပြီး အသည်းတွေ အရမ်းယားနေတဲ့ ခင်လွှမ်းရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် စည်ဖြိုးနဲ့ ခင်လွှမ်းတို့ရဲ့ တစ်ဦးတည်းသော သမီးလေးကတော့ နှစ်ဖက်အဖိုးအဖွားတွေရဲ့ အသည်းတွေကို လှုပ်ခါသွားအောင် ဖမ်းစားနိုင်သူလေးပါနော်။ သမီးလေးရဲ့အရွယ်နဲ့ မလိုက်အောင် ဉာဏ်ရည်မြင့်မားမှုတွေကြောင့် စည်ဖြိုးတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ကျေနပ်နေတာ ဖြစ်ပါတယ်။

ခင်လွှမ်းကတော့ သမီးလေးကို သူမလိုပဲ အနုပညာစိတ်ဝင်စားအောင် အခုကတည်းက Tik Tok လေးတွေ ရိုက်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ခင်လွှမ်းရဲ့Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ချစ်သမီးလေးရဲ့ချစ်စရာကောင်းလွန်းလှတဲ့ ပါးဖောင်းဖောင်းလေးကို ကိုင်ကြည့်ပြီး အသည်းတွေ အရမ်းယားနေတဲ့ ခင်လွှမ်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

သမီးလေးကလည်း မေမေ လုပ်နေတာလေးကို တအံ့တဩနဲ့ ထိုင်ကြည့်နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကြည့်ပြီး ပရိသတ်တွေလည်း Shandra လေးကို အချစ်တွေ ပိုတိုးသွားစေမှာ အသေချာပါပဲနော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေရန်အတွက် ခင်လွှမ်းတို့ သားအမိနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *