လောကကြီးကနေ အစောကြီးထွက်ခွာသွားတဲ့ သူမရဲ့မိခင်ကြီးအား မထင်မှတ်ဘဲရိုက်ထားတဲ့ ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ လူတိုင်းအပေါ်ကိုကူညီချင်စိတ်ရှိပြီးအလှူအတန်းတွေလည်းအမြဲလုပ်လေ့ရှိသူကတော့ သရုပ်ဆောင်မင်းသမီးချောလေး  စမိုင်းလ်ပဲဖြစ်ပါတယ်။သူမဟာ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုကို  မတောင်းဘဲ ပြည့်ဝသူတစ်ယောက်လည်းဖြစ်ပါတယ်။ပရိသတ်တွေကလည်းသူမရဲ့ ဖြူစင်တဲ့စိတ်ထားလေးကိုချစ်ခင်နေကြတာလည်း  ဖြစ်ပါတယ်။

သူမဟာ မိသားစုအပေါ်မှာလည်းတာဝန်ကျေပွန်လွန်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ သမီးလေးတွေရဲ့လိုအပ်ချက်တွေတိုင်းကိုလည်းအမြဲဖြည့်ဆည်းပေးနေတဲ့ မိခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။  သူမရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်းပရိသတ်တွေကိုအမြဲဝေမျှပေးနေသူလည်းဖြစ်ပါတယ်။

မကြာသေးခင်က စမိုင်းလ်ရဲ့Instagram လူမှုကွန်ရက်တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ လောကကြီးကနေ အစောကြီးထွက်ခွာသွားတဲ့ သူမရဲ့မိခင်ကြီးအား မထင်မှတ်ဘဲရိုက်ထားတဲ့ ပုံလေးတစ်ပုံကို ထုတ်ပြလိုက်တာ ဖြစ်ပါတယ်။ ” Happy Birthday ပါမေကြီးရေ အမြဲတမ်းသတိရနေပါတယ် သမီးတို့ပြုတဲ့ ကုသိုလ်တွေ မေကြီးတစ်ခုမကျန် ရရှိပါစေ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်တော်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.