အမိုက်စားသင်္ဘောကြီးပေါ်ရှိ ရေကူးကန်တွင် နှစ်ယောက်သား အပီအပြင်ကို ဇိမ်ခံအနားယူနေကြတဲ့ စိန်ဖြိုးလှိုင်တို့ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် စိန်ဖြိုးလှိုင်တို့ချစ်သူနှစ်ဦးဟာ မကြာခင်မှာ လက်ထပ်ထိမ်းမြားကျတော့မှာ ဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦးဟာ ချစ်သူသက်တမ်း(၈) နှစ်ကျော်အကြာမှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်္ဂလာအခမ်းအနားအတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေကြတာ ဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်တို့ ချစ်သူနှစ်ဦးဟာ အာဏာသိမ်းမှုမဖြစ်ခင်က သင်္ဘောကြီးနဲ့ အညာဒေသဘက်သို့ (၇) ရက်တာ ခရီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ခရီးစဉ်တစ်လျှောက် နေထိုင်စားသောက်နေတာတွေကိုလည်း Vlog လေးရိုက်ပြီး ပရိသတ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က စိန်ဖြိုးလှိုင်တို့ရဲ့ Facebook Page တွင် ဗီဒီယိုတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ အမိုက်စားသင်္ဘောကြီးပေါ်ရှိ ရေကူးကန်တွင် နှစ်ယောက်သား အပီအပြင်ကို ဇိမ်ခံအနားယူနေကြတဲ့ စိန်ဖြိုးလှိုင်တို့ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။“ အပိုင်း ၂ မှာတော့ ဧရာဝတီမြစ်ကြောင်းတလျှောက် ပခုက္ကူ – ပုဂံ – မကွေး – ပြည် – မအူပင်မြို့ တွေကိုဖြတ်သန်းခဲ့ပြီး တွံတေး တူးမြောင်းကနေတဆင့် ရန်ကုန်ဆိပ်ကမ်း အထိ အမှတ်တရ ရိုက်ထားတဲ့ Vlog လေးပါ။ Part 1 ကိုတော့ မနှစ်ကတင်ခဲ့ပြီး အခု တနှစ်တိတိပြည့်မှ Part 2 ကိုအမှတ်တရ တင်လိုက်တယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.