ခင်ပွန်းနဲ့သမီးလေး အပန်းပြေစေဖို့ Rap သီချင်းတွေ လက်တန်း ရွတ်ပြီး အမိုက်စားကကွက်မျိုးစုံဖြင့် ဖျော်ဖြေနေတဲ့ စန္ဒီမြင့်လွင်ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ အနုပညာလောကမှာ စန္ဒီမြင့်လွင်လို့ ဆိုလိုက်တာနဲ့ မသိသူ မရှိသလောက်ပါပဲနော်။ ဒီးဒီးလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ ချစ်ရတဲ့ မိသားစုလေးနဲ့ ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သူမရဲ့သမီးလေးကိုလည်း အနုပညာမောင်နှမများသာမကဘဲ ပရိသတ်တွေပါ အသည်းတွေယားပြီး အချစ်ပိုနေကြတာ ဖြစ်ပါတယ်။

Treasure လေးရဲ့လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေ အမြဲ ကြည့်ရှုနိုင်အောင် စန္ဒီမြင့်လွင်မှ ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က စန္ဒီမြင့်လွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ခင်ပွန်းနဲ့သမီးလေး အပန်းပြေစေဖို့ Rap သီချင်းတွေ လက်တန်း ရွတ်ပြီး အမိုက်စားကကွက်မျိုးစုံဖြင့် ကပြနေတဲ့ စန္ဒီမြင့်လွင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

“ထရက်ရှာနဲ့သူ့အဖေကိုRAPတွေရွတ်ပီးကပြနေတာ ကြည့်ချင်ရင် YouTube မှာကြည့်ပေးနော်Dede YouTubeကိုလဲsubscribe လုပ်ပေးနော်😉” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ Treasure လေးကတော့ rap စာသားတွေ အထစ်အငေ့ါမရှိ ရွတ်သွားတဲ့ မေမေ့ကို တအံ့တဩငေးကြည့်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.