ပရိသတ်ကြီးရေ သရုပ်ဆောင် ဥက္ကာမင်းမောင်ကတော့ မကြာသေးခင်က လက်ရှိတွဲနေတဲ့ ချစ်သူလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အသိပေးခဲ့ပါတယ်နော်။ အချစ်တွေ ပေါ်များလွန်းလှတဲ့ ဥက္ကာမင်းမောင်ကို ကြည့်ပြီး မိန်းကလေးပရိသတ်တွေကပါ အားကျနေခဲ့ပါတယ်။ ဥက္ကာမင်းမောင်ကတော့ အသည်းကွဲဝေဒနာကို (၂) လလောက် အချိန်ပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။
“အသဲကွဲရင် အိပ်ယာထဲဘုံးဘုံးလဲပြီး ၂၄ နာရီပါတ်လုံး ထမင်းမစားဟင်းမစား ထိုင်ငိုနေတတ်တဲ့အထဲ ကျွန်တော်မပါဘူးစိတ်ပူပေးကြသူများကျေးဇူးပါအဓိက ဦးစားပေးလုပ်ဖြစ်တာက အားလပ်ချိန်ပိုများသွားတော့ gym သေချာပြန်ကစားတယ်လေ့ကျင့်ခန်းမှန်မှန်လုပ်တယ်ကိုယ့်ကိုယ်ကိုယ်လှအောင်နေတယ်တစ်ကွေ့မဟုတ်တစ်ကွေ့ လမ်းကြုံလို့ ပြန်တွေ့ခဲ့ရင် facebook ပေါ်မှာပုံတင်ခဲ့ရင်ကိုယ်သည် ဂွမ်းစိန်ဖြစ်မနေစေရဘူးဟုတ်တယ်ဟုတ်ကျွန်တော် အေးဆေးပါပဲသတင်းတွေက ဥက္ကာတစ်ယောက် မစားနိုင်မသောက်နိုင်ဖြစ်နေတယ်ရေးနေကြလို့😆😁😀” ဆိုပြီး သူ့အကြောင်းကို ပြောထားပါသေးတယ်။
မကြာသေးခင်က ဥက္ကာမင်းမောင်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားပါတယ်။ ဒါကတော့ အချိန်တွေ ကြာသွားပေမယ့် လုံးဝမမေ့နိုင်သေးသော အချစ်ဆုံး ရည်းစားဟောင်းရဲ့မွေးနေ့အတွက် ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။ “ Happy Birthday ပါ Lance Jackson . လွန်ခဲ့တဲ့ တစ်နှစ်ကျော်က လမ်းခွဲခဲ့ပေမယ့်လည်း ငါ့ဘဝထဲမှာ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ်နဲ့ အမြဲရှိနေပေးပြီး စိတ်ညစ်တဲ့အချိန်တိုင်း အမြဲ လမ်းမှန်ရောက်အောင် လမ်းပြပေးပြီး အားပေးပေးခဲ့တဲ့ နင်ဟာ ငါ့ဘဝထဲမှာ ရှိနေဆဲပါတကယ်ကျေးဇူးတင်ပါတယ် မင်းပျော်နေတာ မြင်ရတာ ငါဝမ်းသာပါတယ် အထူးသဖြင့် ဒီနေ့ မင်းရဲ့ နေ့ထူးနေ့မြတ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်Happy Birthday ပါ ❤🎂” ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။