ပရိသတ်ကြီးရေ အဆိုတော် ရဲနောင်ကတော့ မနှစ်က ဧပြီလပိုင်းတွင် ချစ်သူလေးနဲ့အတူ ထိမ်းမြားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ချစ်ဇနီးလေးနဲ့အတူ သာယာကြည်နူးစရာကောင်းတဲ့ အိမ်ထောင်ရေးကို အတူလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ အရမ်းကို လိုက်ဖက်ညီလွန်းတဲ့အတွက် ပရိသတ်တွေကပါ အားကျနေကြတာ ဖြစ်ပါတယ်။
ရဲနောင်တို့ ဇနီးမောင်နှံဟာ အခုလတ်တလောမှာတော့ မန္တလေးမြို့ကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မန္တလေးနဲ့ ပြင်ဦးလွင်မြို့တို့တွင် Pre-Wedding ရိုက်ကူးဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ရဲနောင်ဇနီးချောလေးရဲ့ Tik Tok အကောင့်တွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ ခေတ်ဟောင်းအငွေ့အသက်လေးတွေကို လွမ်းမောဖွယ် မြင်တွေ့သွားရစေမယ့် ရဲနောင်တို့ဇနီးမောင်နှံရဲ့ Pre Wedding ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ရဲနောင်တို့ ဇနီးမောင်နှံဟာ ရှေးခေတ်မြို့စားမင်းတွေ ဝတ်ဆင်လေ့ရှိတဲ့ ဒီဇိုင်းများဖြင့် မန္တလေးမြို့ရှိ အထင်ကရတစ်နေရာတွင် သူတို့ရဲ့ pre wedding အတွက် ရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။