သူတို့နှစ်ယောက်ကို နိုင်ငံရေးအမြတ်ထုတ်တယ်လို့ ဝေဖန်နေကြတဲ့ ပြည်သူများအား မြန်မာဇာတ်ကားတွေ လျော့ကြည့်ဖို့ အကြံပြုလိုက်တဲ့ ဟန်လင်း

ပရိသတ်ကြီးရေ မော်ဒယ် ဟန်လင်းနဲ့ မိတ်ကပ်ဖန်တီးပညာရှင် မေဦးတို့ကတော့ နွေဦးတော်လှန်ရေးကာလမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ချီးကျူးခြင်း ခံခဲ့ရပါတယ်။ စစ်ကောင်စီမှ ဝရမ်းထုတ်လိုက်တဲ့အချိန်မှာတော့ သူတို့နှစ်ဦးဟာ လွတ်မြောက်နယ်မြေတွင် သွားရောက် တိမ်းရှောင်နေထိုင်ခဲ့ကြပါတယ်။

ဒီလိုတွေ ခက်ခဲကြမ်းတမ်းစွာ နေထိုင်ရပြီးနောက် အခုမှာတော့ ပြည်ပနိုင်ငံသို့ နိုင်ငံသားအဖြစ် ခိုလှုံခွင့်ရသွားပါပြီနော်။ ပြည်ပနိုင်ငံရောက်သွားချိန်မှာတော့ သောက်စားပျော်ပါးနေတာတွေကို ဆိုရှယ်မီဒီယာထက်တွင် ချပြခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ဝေဖန်ပြစ်တင်မှုတွေကို ခံနေရပါတယ်။ မကြာသေးခင်က ဟန်လင်းရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ နိုင်ငံရေးအမြတ်ထုတ်တယ်လို့ ဝေဖန်နေကြတဲ့ ပြည်သူများအား မြန်မာဇာတ်ကားတွေ လျော့ကြည့်ဖို့ အကြံပြုလိုက်တာ ဖြစ်ပါတယ်။ ” မြန်မာကားတွေလျော့ ကြည့်ကြပါ! 😅” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေဦးတို့ချစ်သူနှစ်ဦးကို ဝေဖန်ပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *