ရင်သွေးလေးလွယ်ထားရလို့ မပေါ့မပါးဖြစ်နေတဲ့ သူမကို အသေးစိတ်ဂရုစိုက်ပေးကြသော ယောက္ခမတွေကြောင့် ကြည်နူးနေရတဲ့ စုစုဝေ

သရုပ်ဆောင် မစ်ကီကတော့ မြန်မာနိုင်ငံသား မဟုတ်ပေမယ့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် ထောက်ခံအားပေးမှုကို သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံသူလေး စုစုဝေနဲ့ အကြောင်းဆုံကာ ချစ်သူတွေအဖြစ် နှစ်အတော်ကြာ လက်တွဲခဲ့ကြပါတယ်။ အခုချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ရင်သွေးလေးဟာ လူ့လောကထဲသို့ မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

စုစုဝေကတော့ ခင်ပွန်းနဲ့အတူ ပြည်ပနိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ လူမျိုးခြားနဲ့ လက်ထပ်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူရဲ့မိသားစုဝင်များရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိခဲ့တဲ့အတွက် စုစုဝေတစ်ယောက် ပျော်ရွှင်ကြည်နူးနေရတာ ဖြစ်ပါတယ်။ သူမရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေသိစေဖို့ အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင်က စုစုဝေရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရင်သွေးလေးလွယ်ထားရလို့ မပေါ့မပါးဖြစ်နေတဲ့ သူမကို အသေးစိတ်ဂရုစိုက်ပေးကြသော ယောက္ခမတွေကြောင့် ကြည်နူးနေရတာ ဖြစ်ပါတယ်။ ” မေမေဗိုက်ရဲ့ ည🤩❤️” ဆိုပြီး ချစ်ခင်ရသူတွေနဲ့အတူ ညစာစားသောက်နေတဲ့ ပုံရိပ်တွေကို ဝေမျှထားတဲ့အတွက် ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.