ကိုယ်ဝန်လွယ်ထားရချိန်ကစပြီး ဘဝမှာ တစ်ခါမှ မစားဖူးတဲ့အရာတွေ ချဉ်ခြင်းတက်နေကြောင်း ဝန်ခံလိုက်တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ မကြာသေးခင်က ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အားလုံးကို အသိပေးခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်သည်ဖြစ်သွားပေမယ့် လုံးဝအနားမယူဘဲ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဘေဘီမောင်ရဲ့ကိုယ်ဝန်ရှိတဲ့ သတင်းကြောင့် ထပ်တူပျော်ရွှင်နေကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က ဘေဘီမောင်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကိုယ်ဝန်လွယ်ထားရချိန်ကစပြီး ဘဝမှာ တစ်ခါမှ မစားဖူးတဲ့အရာတွေ ချဉ်ခြင်းတက်နေကြောင်း ဝန်ခံလိုက်တာ ဖြစ်ပါတယ်။ အခုစားချင်နေတဲ့ အရာတွေဟာ တစ်ခါမှ မကြိုက်ဖူးတဲ့ အရာတွေဖြစ်ကြောင်းကိုလည်း အခုလို ရေးသားပြောပြလာပါတယ်။

” တစ်ခါမှဝယ်မစားဘူးမကြိုက်တာတွေခုဘာစိတ်နဲ့စားနေတာလည်းမသိ😫 ခေါက်ဆွဲသုတ်နဲ့ထမင်းဖြူစားတယ် ဌက်ပျောသီးတွေစားတယ် ဂေါ်ဖီကြော်နဲ့ထမင်းစားတယ် အဲဒါတွေက လောလောဆယ်စားကောင်းနေတာ ငါ့စိတ်ကြီးဘာဖြစ်နေတာလဲဟင်😩” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒါဟာ အထဲက ကလေးရဲ့ချဉ်ခြင်းတက်တာဖြစ်ကြောင်း ကွန်မန့်တွင် ရေးသားထားကြပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *