ဦးခေါင်း ကျည်ထိ ကာ ဆုံးပါးသွားတဲ့ သူရဲကောင်း ညီမလေး ကြယ်စင်အတွက် GAME OF THRONES မင်းသမီးကြီး LENA HEADEY ပြောပြီ
Burmese Beyond မှ တင်ထားသော post ကို ကိုးကားတင်ထားတာဖြစ်ပြီး
မန္တလေးမှ ၁၉ နှစ်အရွယ် ဦးခေါင်း ကျည်ထိခံ တိန်းပါးသွားသူ
သူရဲကောင်း ညီမလေး မကြယ်စင် ကိစ္စကို ကမ္ဘာက သိအောင် Lena ရဲ့ IG မှာတင်ထားတာတွေ့ရပါတယ်။
Lena ရေးထားတာကတော့
သူမ လက်ထဲက ကိုင်ထားတဲ့ ကိုလာ ပုလင်းလေးက မျက်ရည်ယို ဗုံး ဒဏ်က သက်သာအောင်
အခြားသူများကို ကူညီဖို့ ကိုင်ထားတာပါတဲ့ ။
သူမ ဝတ်ဆင်ထားတဲ့ တီရှုပ် အနက်လေးမှာ
အရာအားလုံး အိုကေ သွားမှာပါဆိုတဲ့ စာလုံးလေးကို တွေ့ရပါတယ်တဲ့။
ထို့အပြင် Lena တင်ထားတဲ့ post အောက်မှာ အလှူ လုပ်ဖို့ link ပါထည့်ပေးထားတာတွေ့ရပါတယ် ။
Lena က Hash Tag တွေနဲ့ပါ လတ်တလော မြန်မာ ပြည်မှာ ဖြစ်နေတဲ့ အရာတွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ် ။
Lena Headey ဟာ Black Lives Matter ကိစ္စရပ်မှာလည်း အားတက်သရော ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
Zawgyi
Lena ရေးထားတာကတော့