ချွေးမလေး ခံတွင်းတွေ့စေဖို့ မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပေးနေတဲ့ ချမ်းချမ်းရဲ့ယောက္ခထီး

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ လူမျိုးခြားနဲ့ လက်ထပ်ခဲ့တဲ့အတွက် ကံကောင်းခြင်းတွေ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ချမ်းချမ်းရဲ့ယောက္ခမတွေကလည်း သမီးအရင်းလို ဂရုစိုက်ပေးနေကြတာကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ မကြာသေးခင်က ချမ်းချမ်းရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သူမစားဖို့ မီးဖိုချောင်ထဲဝင်ပြီး ကိုယ်တိုင် ချက်ပြုတ်ကြော်လှော်ပေးနေတဲ့ ယောက္ခထီးကြောင့် ပြောမပြတတ်အောင် ကြည်နူးနေရကြောင်း ချမ်းချမ်းမှ ပို့စ်တင်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ” ဒါကျွန်မရဲ့အတွေးလေးပါဖတ်ကြည့်နော်ဒီနေ့ယောက္ခထီးချက်ပေးတဲ့ငါးခြောက်ဆီပြန်ချက်လေးရယ်ပူစီနံနဲ့တရုတ်နံနံကိုသံပရာသီးညှစ်ပြီးသုတ်တာရယ် ကြက်ဥကြော်လေးရယ်မှိုကို ပန်းငရုတ်ပွနဲ့ကြော်ထားတာလေးကိုထမင်းနဲ့မနက်ရောနေ့လည်ရောစားဖြစ်တယ်ကျန်တဲ့အချိန်ကတော့ သမီးနဲ့ဆော့ပေးလိုက် အဝတ်ပြေးလျှော်လိုက်နဲ့💋💋တစ်ချို့ကမေးကြတယ်အစ်မကအမြဲပြုံးနေတာပဲနော် အပူမရှိဘူးထင်တယ်တဲ့အော်ငါ့ဘဝကြီးကဆိုးလှချည်လားဆိုပြီးငိုယို မှိုင်းထိုင်းနေမယ့်အစား ကိုယ့်နားကလူတွေပတ်ဝန်းကျင်ကို positive ပဲပေးချင်တယ်ကိုယ့်ကြောင့်သူတစ်ပါးစိတ်ညစ်ရမှာစိတ်ထဲအစိုးရိမ်ဆုံးပဲသူတစ်ပါးအကြောင်းစိတ်မဝင်စားပေမဲ့ ကျွန်မကြောင့်ဘယ်သူ့ကိုမှအပူမီးမကူးဆက်စေလိုတာကျွန်မခံယူချက်ပါကျွန်မကိုတိုက်ခိုက်စောင်းပြောတဲ့သူတွေကိုလဲ အမြဲပြောဖြစ်တဲ့စကားလေးတစ်ခွန်းရှိတယ်ကျွန်မကို ဘာဖြစ်တယ် ညာဖြစ်တယ်ပြောပြီး အချိန်ကုန်မယ့်အစားကိုယ့်မိသားစုဘာဖြစ်နေလဲအရင်ကြည့်ပါ ဖြည့်ဆည်းပါလို့။ကျွန်မကိုကဲ့ရဲ့လို့ ဘာမှဖြစ်မလာဘူး အချိန်ကုန်ရုံပဲရှိတယ်လေ။ ကိုယ့်အားနည်းချက်ကိုအားသာချက်အဖြစ်ပြောင်းလဲချင်ရင် သူတစ်ပါးအကြောင်းအတင်းပြောစိတ်ဝင်စားခြင်းမှ ရပ်လိုက်ပါလို့လူတိုင်းဘဝကိုယ်စီနဲ့ မဖြစ်ချင်ပေမဲ့ဖြစ်နေရတဲ့ဘဝတွေကို အားနာပါလို့ပြောချင်ပါတယ်။

ကိုယ် အကောင်းကြိုက်ရင်သူလဲအကောင်းကြိုက်မှာပေါ့လူပဲလေ မဟုတ်ဘူးလားတချို့ဆိုယောကျားတန်မဲ့ မိန်းမလိုမိန်းမရတွေအတင်းတုတ်ကြ မသိရင် ကျွန်မတို့ဘဝတွေကပဲသူတို့ပါးစပ်ဖျားမှာ ရှိနေသလိုလိုကွယ်ကျွန်မလဲကျွန်မဘဝကိုအကောင်းဆုံးကြိုးစားတည်ဆောက်နေပါတယ်။ဘဝဟာ အိတ်တစ်အိတ်ဆိုရင် အမှိုက်ထည့်မလားဒါဆိုအမှိုက်ပဲရလိမ့်မယ်တန်ဖိုးရှိတဲ့ စာပေ ဗဟုသုတထည့်ရင် အကျိုးရှိတဲ့ အိတ် ဘဝကိုပိုင်ဆိုင်ရလိမ့်မယ်အမှိုက်တွေ အဖြစ်မခံကြပါနဲ့ မိတ်ဆွေတို့ရေ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.