ကွာရှင်းပြတ်စဲထားကြတဲ့ မိဘနှစ်ပါးကို ပြန်လည် ပေါင်းသင်းဖို့အတွက် ကြားကနေ အစွမ်းကုန်ကြိုးစား အောင်သွယ်ပေးနေတဲ့ နွေးနွေးချစ်ဖွယ်

ပရိသတ်ကြီးရေ မနေ့ကတော့ အဆိုတော် နွေးနွေးချစ်ဖွယ်ရဲ့ မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးကိုတော့ ချစ်ရတဲ့ မိဘနှစ်ပါးနဲ့အတူ ဖြတ်သန်းကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ နွေးနွေးချစ်ဖွယ်ရဲ့မိဘနှစ်ပါးဟာ ကွာရှင်းထားကြတာ ဖြစ်တဲ့အတွက် သူမရဲ့မွေးနေ့ရောက်မှသာ မိသားစုတွေ အတူပြန်ဆုံရတာ ဖြစ်ပါတယ်။

မကြာသေးခင်က နွေးနွေးချစ်ဖွယ်ရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ကွာရှင်းပြတ်စဲထားကြတဲ့ မိဘနှစ်ပါးကို ပြန်လည် ပေါင်းသင်းဖို့အတွက် ကြားကနေ အစွမ်းကုန်ကြိုးစား အောင်သွယ်ပေးနေတာ ဖြစ်ပါတယ်။ ” ကျွန်မ ကို ၅နှစ် သမီး ဘဝလေးကို ခဏလောက်သွားခွင့်ပြုပါ🙏🏻ဖေဖေနဲ့မေမေ🙏🏻 ကမီးမီး၅နှစ်ပြည့်မွေးနေ့လေးမှ မီးမီးလို အရွယ်တူ မိတကွဲဖတစ်ကွဲ နေနေရတဲ့ မမခိုင်နှင်းဝေရဲ့ ကလေးများဂေဟာ မှာ အလှူလေးလုပ်ပေးတယ်

ပြီးတော့ မီးမီး ဗိုက်ဗိုက်ဆာလို့ဓနုဖြူ ဒေါ်စောရီဆိုတဲ့ထမင်းဆိုင်မှာ မန်မန်ကျွေးတယ် ဖေဖေ မေမေနဲ့ လက်စုံစားရလို့လားမသိ မီးမီး စားလို့ကောင်းလိုက်တာအရမ်းပဲဗိုက်ဗိုက်လဲပြည့်တော့ မီးမီးကိုရန်ကုန်တိရစ္ဆာန် ရုံကြီးကို လိုက်ပို့တယ်အဲ့မှာ မီးမီး ချစ်တဲ့မိုမိုကြီးလဲတွေ့ခဲ့တယ်ကျားကြီးလဲတွေ့ခဲ့တယ်သမင် ရေမြင်းမိချောင်းဌက်လေးတွေရောကောင်ကောင်လေးတွေအများကြီးအစာကျွေးမီးမီးပျော်လိုက်တာနောက်ပြီးတော့ မီးမီးတို့ ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးခဲ့တယ်  ဘွားဘွားလဲပါတယ် မီးမီးဘဝမှာ ဘယ်လောက်ထိ ပျော်နေမလဲ ဦးဦးဒေါ်ဒေါ်ကိုကိုမမတို့စဉ်းစားကြည့်ပါတော့မီးမီးမရှင်းတာတစ်ခုပဲရှိတယ် ဘုရားပေါ်ကဆင်းတော့ ဖေဖေနဲ့မေမေ လမ်းခွဲသွားတယ် 😭 မီးမီးငိုချင်လာတယ် ဖေဖေကတခြားကားပေါ်မှာ မေမေနဲ့ မီးမီးကားတစ်စီးနဲ့မီးမီးတို့မိသားစု အိမ်လဲတူတူ ပြန်မလာရဘူး

Leave a Reply

Your email address will not be published.