အဘွားဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် ပြောစရာစကားမရှိလောက်အောင် ရင်ထဲမှာ ဆို့နင့်ကြေကွဲနေတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာမျိုးရိုးရှိသူဖြစ်ပြီး ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သွက်လက်ပြီး ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်တွေက ချစ်မဝဖြစ်နေကြတာပါ။

ယွန်းယွန်းဟာ မကြာသေးခင်က ဖြစ်သွားတဲ့ လူမှုရေးပြသနာများကြောင့် ပရိသတ်တွေရဲ့ အထင်သေးခံရမှုကို အတော်လေး ခံနေရရှာတာ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ဆိုရှယ်မီဒီယာပေါ်ကနေ အချိန်အတော်ကြာပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က လုမှုကွန်ရက်ပေါ်တွင် ဝမ်းနည်းစရာသတင်းတစ်ခု တက်လာခဲ့ပါတယ်။

ဒါကတော့ ယွန်းယွန်းရဲ့ချစ်လှစွာသော အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင် ဒေါ်သဲနုခိုင်ဆုံးပါးသွားတဲ့ သတင်းဖြစ်ပါတယ်။ အကယ်ဒမီ “ယွန်းယွန်း” ရဲ့ ဘွားဘွား၊ အသက် ၈၂ နှစ်အရွယ် ရှိ ဝါရင့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်သဲနုခိုင် ဟာ ဇန်နဝါရီ၂၉ ရက် မနက် ၁နာရီ၅၀မှာ နှလုံးရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရပါတယ်။ အဘွားသဲနုဝါတစ်ယောက် ကောင်းရာသုဂတိ ရောက်ရှိပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ပါတယ်နော်။

Leave a Reply

Your email address will not be published.