ပရိသတ်ကြီးရေ သရုပ်ဆောင် နှိုင်းရှင်မြင့်မိုရ်ကတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ Live Sales ပေါင်းများစွာကို လက်ခံပြီး ရောင်းချပေးနေရတာ ဖြစ်ပါတယ်။ သူမရဲ့ Live တိုင်းမှာလည်း ပရိသတ်တွေကအလုအယက်ဝယ်ယူနေကြတာကို ဝမ်းသာဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။ အနုပညာလောကမှာ အရန်အဖြစ်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် စီးပွားရေးဘက်မှာတော့ လျှမ်းလျှမ်းတောက်အောင်မြင်နေတာ ဖြစ်ပါတယ်။
မနေ့ကလည်း အင်္ကျီ Live လေးတစ်ခုမှာ ရောင်းသမျှပစ္စည်းတွေဝက်ဝက်ကွဲအောင် ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ သူမရောင်းတဲ့ ပစ္စည်းတိုင်းကလည်း သိန်းကျော်တန်တွေဖြစ်တဲ့အတွက် ရောင်းမကုန်မှာ စိုးရိမ်နေခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်က နှိုင်းရှင်မြင့်မိုရ်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ သိန်းကျော်တန် အဝတ်တွေကို အချိန်ခဏလေးအတွင်းမှာ ဝက်ဝက်ကွဲအောင် ရောင်းခဲ့ရတဲ့အတွက် နာမည်တစ်ခုပေးခံလိုက်ရတာ ဖြစ်ပါတယ်။ သူမရဲ့မိတ်ကပ်ဆရာမမှ ” Live Sale Queen “ ဆိုတဲ့ နာမည်လေး ပေးခဲ့တာ ဖြစ်ပါတယ်။ ” အမလေးတစ်ထည်ကို တစ်သိန်းရှစ်သောင်း၊တစ်သိန်းနှစ်သောင်းတန်တွေကိုဝက်ဝက်ကွဲ ရောင်းရတဲ့ Blanco Myanmar Live❤️❤️❤️လုယက်ဝယ်ယူကြတဲ့သူတွေအားလုံး ချစ်တယ်ရှင့်❤️❤️” ဆိုပြီး နှိုင်းရှင်မှ ရေးသားထားပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။