အိပ်ယာထနောက်ကျသွားလို့ ထမင်းမချက်တဲ့အမှုကြောင့် အပြစ်ပေးခံနေရတဲ့ ဝိုင်းကျော်ရဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တဲ့ ပိုးလေး

ပရိသတ်ကြီးရေဟားငါးကောင် လူရွှင်တော်အဖွဲ့သားတွေကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေတွင် တော်လှန်ရေးတိုက်ပွဲများအတွက် အင်တိုက်အားတိုက် ကြိုးစားပါဝင်ပေးနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေကိုလည်း သူတို့ရဲ့လှုပ်ရှားနေထိုင်မှုတွေကို တစ်ခါတစ်ရံ ဝေမျှပေးနေတာ ဖြစ်ပါတယ်။ တစ်ခါတစ်လေလည်း အချင်းချင်း စနောက်ပြီး ဆေးထိုးတဲ့ ဗီဒီယိုလေးတွေ တင်ပေးလေ့ရှိတာ ဖြစ်ပါတယ်။

မကြာသေးခင်က လူရွှင်တော် ပိုးလေးရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ယာထနောက်ကျပြီး ထမင်းမချက်တဲ့အတွက် အပြစ်ပေးခံနေရတဲ့ သူငယ်ချင်း ဝိုင်းကျော်ရဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တာ ဖြစ်ပါတယ်။ မကြာသေးခင်က ဝိုင်းကျော်မှ သူ့ရဲ့အခြောက်ပုံတွေကို အွန်လိုင်းမှာ ဖြန့်လိုက်တဲ့အတွက် အခုလို ဆေးထိုးလိုက်တာ ဖြစ်ပါတယ်။

” ဝိုင်းကျော် အပြစ်ပေးခံရတာကို တင်ပေးပါ တင်ပေးပါလို့တောင်းဆိုနေကြလို့ပါ😁၊ကျွန်တော်က မတင်ချင်ပါဘူး ဘာလို့လဲဆိုတော့ ခုချိန်ထိ ကျွန်တော်က အပြစ်ပေးခံရတာ မရှိသေးလို့😁၊ဒီကောင် ဒါ နှစ်ခါမြောက်နော်😁😁အိပ်ယာထနောက်ကျပြီး ထမင်းမချက်တဲ့အမှုပါ😁😁”ဆိုပြီး ရေးသားထားပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *