ဆိုးရွားလှတဲ့ ခြေထောက်က ဒဏ်ရာကြောင့်နေ့စဉ်ဆေးရုံသွားပြီး ကုသမှုခံယူနေရတဲ့ မိခင်ရဲ့အခြေအနေကြောင့် စိုးရိမ်ပူပန်နေတဲ့ သဇင်ထူးမြင့်

ပရိသတ်ကြီးရေ သရုပ်ဆောင် သဇင်ထူးမြင့်ကတော့ မိဘကျေးဇူးသိတတ်သူတစ်ဦးဖြစ်တာကြောင့် အနုပညာမောင်နှများကပါ ချစ်နေကြတာ ဖြစ်ပါတယ်။ အသက်ငယ်သေးပေမယ့်လည်း အနုပညာလောကမှာ အောင်မြင်မှုတွေများစွာလည်း ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ရရှိတဲ့ အနုပညာကြေးတွေကိုလည်း မိဘတွေကို ကန်တော့လေ့ရှိတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။

သဇင်ထူးမြင့်ဟာ လတ်တလောမှာ ဝမ်းနည်းစရာအခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က သဇင်ထူးမြင့်ရဲ့Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဆိုးရွားလှတဲ့ ခြေထောက်က ဒဏ်ရာကြောင့်နေ့စဉ်ဆေးရုံသွားပြီး ကုသမှုခံယူနေရတဲ့ မိခင်ရဲ့အခြေအနေကြောင့် စိုးရိမ်ပူပန်နေရတာ ဖြစ်ပါတယ်။

“မေမေ ခြေထောက်က ရုတ်တရက် အခြေအနေဆိုးလာလို့ တစ်နေကုန် ဆေးရုံတွေ တစ်ခုပြီး တစ်ခုသွားနေရတာ ခုမှ စိတ်အေးရတော့တယ် ” ဆိုပြီး မိခင်ရဲ့အခြေအနေကို ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်ရဲ့မိခင် အမြန်ဆုံး သက်သာလာပါစေလို့ ဆုတောင်းပေးသွားကြပါဦးနော်။

Leave a Reply

Your email address will not be published.