အလုပ်တွေ ရှုပ်နေတဲ့ကြား​က ချစ်ခင်ပွန်းရောင်းချနေတဲ့ ကြက်သံပုံးကင်ဖို့အတွက် ဘေးကနေထိုင်ပြီးလုပ်အားပေးနေတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကြီးရေ အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ လက်ရှိကာလမှာ အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် ယိုးဒယားမုန့်ဟင်းခါးနဲ့ ဖက်ထမင်းတွေကို ကိုယ်တိုင်ချက်ပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ရက်သာ အော်ဒါလက်ခံတာသော်လည်း အော်ဒါကောက်တိုင်း တစ်ခဲနက် အားပေးကြတဲ့အတွက် ဝိုင်းစုတစ်ယောက် ပျော်ရွှင်နေတာ ဖြစ်ပါတယ်။

ဝိုင်းစုအပြင် ခင်ပွန်းဖြစ်သူ အောင်လကလည်း ကြက်သံပုံးကင်တွေကို ကိုယ်တိုင်ကင်ပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဝိုင်းစုခိုင်သိန်းရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပုံလေးတစ်ပုံ တင်ထားတာကို တွေ့ရပါတယ်။ ဒါကတော့ အလုပ်တွေ ရှုပ်နေတဲ့ကြား​က ချစ်ခင်ပွန်းရောင်းချနေတဲ့ ကြက်သံပုံးကင်ဖို့အတွက် ဘေးကနေထိုင်ပြီးလုပ်အားပေးနေ အလုပ်တွေ ရှုပ်နေတဲ့ကြား​က ချစ်ခင်ပွန်းရောင်းချနေတဲ့ ကြက်သံပုံးကင်ဖို့အတွက် ဘေးကနေထိုင်ပြီးလုပ်အားပေး ကူညီနေတဲ့ ဝိုင်းစုရဲ့ပုံလေး ဖြစ်ပါတယ်။

” ကြက်သံဗုံးကင် Rockerကင်ရမယ်😁😜” ဆိုပြီး ဝိုင်းစုမှ စနောက်ထားတာ ဖြစ်ပါတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့ စကားအတိုင်း နှစ်ယောက်သား မောင်တစ်ထမ်း မယ်တစ်ရွက် လုပ်ကိုင်နေကြတာကို မြင်တွေ့ရသည်မှာ အရမ်းကို ကြည်နူးစရာကောင်းလှပါတယ်။ ပရိသတ်တွေလည်း အခါခွင့်သင့်ရင် ဝိုင်းစုတို့ရောင်းချနေတဲ့ အစားအသောက်တွေကို မှာယူအားပေးကြဖို့ မမေ့ပါနဲ့နော်။

Leave a Reply

Your email address will not be published. Required fields are marked *