ရင်သွေးလေးလွယ်ထားရချိန်မှာတောင် ဝမ်းရေးအတွက် ကိုယ်တိုင်အပင်ပန်းခံပြီး ပစ္စည်းတွေလိုက်ပို့နေရတဲ့ ဘေဘီမောင်ရဲ့ဗီဒီယိုဖိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင် ဘေဘီမောင်ကတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မလုပ်တော့ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူမရဲ့Online Shopping လုပ်ငန်းကလည်း အတော်လေးကို အောင်မြင်နေပြီး နယ်ဘက်တွေအထိကို ပို့ပေးနေရတာ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ နယ်ပို့တဲ့ ကားဂိတ်တွေအထိ ခင်ပွန်းနဲ့အတူ အမြဲလိုလို သွားပို့ပေးနေကြ ဖြစ်ပါတယ်။

ခါတိုင်းဆိုရင် ဒိုင်နာကားနဲ့ ပို့နေကြဖြစ်ပေမယ့် ကိုယ်ဝန်ရလာတဲ့ နောက်ပိုင်းမှာတော့ ဇိမ်ခံကားဖြင့်သာ ပို့ပေးဖြစ်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဘေဘီမောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ရင်သွေးလေးလွယ်ထားရချိန်မှာတောင် ဝမ်းရေးအတွက် ကိုယ်တိုင်အပင်ပန်းခံပြီး ပစ္စည်းတွေလိုက်ပို့နေရတဲ့ ဘေဘီမောင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။

ခင်ပွန်းနဲ့အတူ နယ်ကို ပို့မယ့် အထုတ်တွေကို အောင်ဆန်းကွင်းကားဂိတ်သို့ သွားပို့နေရင်း Live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ငယ်ဘဝတုန်းက ဈေးရောင်းခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ ပြောပြထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန်အတွက် ဘေဘီမောင်ရဲ့ဗီဒီယိုလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *