ချစ်ဇနီးလေးရဲ့သီချင်းလေးတစ်ပုဒ်ကို ခံစားချက်အပြည့်ဖြင့် မြန်မာလို ပီပီသသသီဆိုထားတဲ့ ဗီဒီယိုဖိုင်လေးအား ဝေမျှပေးလိုက်တဲ့ ချမ်းချမ်းရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်းကတော့ သူမရဲ့မိသားစုဘဝလေး ကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို ဆိုရှယ်မီဒီယာအကောင့်များမှ တစ်ဆင့် ဝေမျှတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချမ်းချမ်းရဲ့ အေးချမ်းသာယာလှတဲ့ မိသားစုဘဝလေးကို ကြည့်ပြီး ထပ်တူ ဝမ်းသာပျော်ရွှင်နေတာ ဖြစ်ပါတယ်။

သမီးလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ မကြာသေးခင်က ချမ်းချမ်းရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ မွေးကင်းစအချိန်ကနေ ခြောက်လပြည့်တဲ့အထိ ရိုက်ကူးထားတဲ့ သမီးလေးရဲ့အမှတ်တရဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဗီဒီယိုမှာပါဝင်တဲ့ နောက်ခံသီချင်းလေးကိုတော့ ချမ်းချမ်းရဲ့ခင်ပွန်းမှ သီဆိုထားတာ ဖြစ်ပါတယ်။

“Pilar ကသူဘယ်လောက်ကြီးလာတာလဲဆိုတာ ပြသထားတဲ့ ဗီဒီယိုအတိုလေးကို ကြည့်ရှုလိုက်ပါ။👉👉👉ကျွန်မခင်ပွန်းက နောက်ခံမှာ သီချင်းဆိုနေတယ်။ 👈👈👈 🤣🤣🤣အားလုံးကိုလွမ်းတယ် ၊ ပျော်စရာကောင်းတဲ့ weekend လေးဖြစ်ပါစေ မကြာခင်မှာ တွေ့ဖို့မျှော်လင့်ပါတယ် ပရိသတ်ကြီးရေ ဆက်ပြီးနားထောင်ပါ။သမီးလေးရဲ့ 2021ကနေ2022အထိ ပုံရိပ်လေးတွေပါ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း ကြည့်ရှုအားပေးနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Leave a Reply

Your email address will not be published.