ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်ရဲ့ သမီးကြီး ပေါ်ရှာကတော့ မိခင်ဖြစ်သူရဲ့ အနုပညာအမွေကို အပြည့်အဝ ဆက်ခံထားသူတစ်ဦး ဖြစ်ပါတယ်။ သူမကတော့ သရုပ်ဆောင်ပညာကို ဝါသနာပါတာ မဟုတ်ဘဲ Modeling ဘက်ကို ပိုပြီး အားသန်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေရဲ့ ခွင့်ပြုချက်ဖြင့် ပြင်ပနိုင်ငံမှာ မော်ဒယ်သင်တန်း တက်ရောက်နေတာ ဖြစ်ပါတယ်။
သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း မြန်မာနိုင်ငံက ပရိသတ်တွေ သိစေဖို့အတွက် အမြဲလိုလို ဝေမျှပေးတတ်တာ ဖြစ်ပါတယ်။ မကြာသေးခင်က စမိုင်းလ်ရဲ့ Instagram လူမှုကွန်ရက်တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဝါရင့်မော်ဒယ်များကို ကျော်လွန်ပြီး ပြိုင်ပွဲတစ်ခုအတွက် ရွေးချယ်ခံလိုက်ရတဲ့ သမီးအတွက် ဂုဏ်ယူဝမ်းမြောက်နေကြတာ ဖြစ်ပါတယ်။
” So Proud of you baby..မော်ဒယ်သင်တန်းမှာ တကယ့် professional model ကြားအသက်အငယ်ဆုံးလေးမို့ အဆင်ပြေမလားစိတ်ပူခဲ့ရတာ အခုလို Coco Rocha model camp မှာအရွေးခံရတာနဲ့တင် သမီးဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ သိရပြီ ” ဆိုပြီး စမိုင်းလ်မှ ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်းပေါ်ရှာအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားကြပါဦးနော်။