ကိုယ်ဝန်(၇)လနီးပါး ရောက်သွားချိန်မှ ချစ်သူလေးနဲ့ တရားဝင်လက်ထပ်ပွဲလေး အကျဉ်းရုံးပြီး ကျင်းပပြုလုပ်ခဲ့တဲ့ စုစုဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် မစ်ကီနဲ့ စုစုဝေတို့ ချစ်သူနှစ်ဦးကတော့ ဒီနေ့မှာ လက်ထပ်ပွဲလေးကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ မင်္ဂလာပွဲကိုတော့ ချစ်သူလေးနေထိုင်တဲ့ ဒိန်းမတ်နိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ ကိုယ်ဝန်(၇)လရောက်မှသာ မင်္ဂလာပွဲလေး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ချစ်ရသူလေးနဲ့နောက်ဆုံးမှာ လက်တွဲသွားနိုင်ခဲ့တဲ့ မစ်ကီအတွက် ဝမ်းသာဂုဏ်ပြုပေးနေကြတာ ဖြစ်ပါတယ်။ တစ်ချို့ပရိသတ်တွေက ကိုယ်ဝန်ရသွားမှ လက်ထပ်တယ်လို့ ဝေဖန်နေကြပေမယ့် မစ်ကီတို့အတွဲလေးကတော့ တစ်စုံတစ်ရာမှ ပြန်လည်ချေပထားခြင်း မရှိပါဘူး။ မကြာသေးခင်က စုစုဝေရဲ့လူမှုကွန်ရက်စာမျက်နှာတွင် မင်္ဂလာပွဲပုံရိပ်လေးတွေ တင်ထားတာ ဖြစ်ပါတယ်။

လင်ယူမယ်လို့ ကြံလိုက်တာ ဟိုး Covid 19 ပထမလှိုင်းစကတည်းက 😬 ဒီရောက်ရောက်ချင်းကတည်ကလဲစာတင်ထားပြီစောင့်တာ စောင့်တာဆိုတာ ဗိုက်ဗိုက်၇လနီးပါးဖြစ်သွားတယ် 😍နောက်ဆုံးတော့ မတ်မတ်စု ယောကျ်ားတစ်ကယ်ယူလို့ရပြီပေါ့ 😍 သူလဲပေးထားတဲ့ကတိအတိုင်းဒီနေ့ပြည့်ဝခဲ့ပြီကိုယ်လဲကျေနပ်ပီတိဖြစ်ရတယ် ❤️ပွဲကိုတော့ ဒီကနွေရာမှာကျင်းပမယ်🥂🎉 အခုကရောဂါတွေကြောင့်ဒီမှာလဲ ဘာမှလုပ်လို့မရလို့ပါရှင့်❤️။ တိုင်းပြည်အခုလို့အချိန်မှာ ကျွန်မတို့လဲထပ်တူခံစားနေရတာမို့ အထင်မြင်လွဲမှားမခံချင်လို့ပါ 👌ကိုယ်နဲ့ရင်နှီးတဲ့သူတွေသိအောင်သာပုံတင်ရခြင်ဖြစ်ပါတယ်နော် 🙏🏼🙏🏼🙏🏼” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *