ပရိသတ်ကြီးရေ မနေ့က မနက်ပိုင်းလောက်က စန္ဒီမြင့်လွင်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် Live လေးတစ်ခု လွှင့်ထားပါတယ်။ ဒါကတော့ လုပ်ချင်တာ မလုပ်ရလို့ ဂျီကျနေတဲ့ သမီးလေးကို ဘယ်လိုမှချော့မရတဲ့အတွက် ကလေးနဲ့အတူ လိုက်ပြီးငိုနေတဲ့ စန္ဒီမြင့်လွင်ရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သူမရဲ့သမီးလေးကို အားလပ်ရက်လေးမှာ ဂရုတစိုက်နဲ့ ထိန်းပေးနေတာ ဖြစ်ပါတယ်။
Treasure လေးဟာ သူမရဲ့ Lotion တွေကို ကြမ်းပေါ်မှာ ထားပြီး ဆော့ကစားချင်နေတာကို ဖခင်ဖြစ်သူမှ ဆူလိုက်တဲ့အတွက် ဝမ်းနည်းပြီး ငိုနေတာ ဖြစ်ပါတယ်။ သမီးလေးငိုတာကို မမြင်ဖူးကြတဲ့ ပရိသတ်များအတွက် စန္ဒီမြင့်လွင်မှ Live လွှင့်ပြီး ပြသခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားအမိနှစ်ယောက်ရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို ကြည့်ပြီး သဘောကျနေကြတာ ဖြစ်ပါတယ်။
Live လွှင့်လိုက်လို့ ငိုတာရပ်ပြီး ပျော်ရွှင်နေတဲ့ သမီးလေးအား အတူ ဆော့ကစားပေးပြီးမှ ချော့သိပ်နေတာကိုလည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုပြီး ပျော်ရွှင်နိုင်စေရန်အတွက် စန္ဒီမြင့်လွင်တို့ သားအမိနှစ်ယောက်ရဲ့ဗီဒီယိုဖိုင်လေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။