ဒီကာလမှာ သူရင်ဆိုင်ခဲ့ရတဲ့ စိတ်ဓာတ်ကျစရာအခြေအနေများအား ဝမ်းနည်းစွာဖြင့် ဖွင့်ဟပြောပြလာတဲ့ ရွှေထူး

ပရိသတ်ကြီးရေ အဆိုတော် ရွှေထူးကတော့ နွေဦးတော်လှန်ရေးကာလအစမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပြီး အဖမ်းအဆီးတွေ များလာချိန်မှာတော့ လူလုံးထွက်မပြတော့ဘဲ တိတ်ဆိတ်စွာ နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်များကိုလည်း လုံးဝအသုံးပြုခြင်းမရှိဘဲ ပျောက်ကွယ်နေခဲ့ပါတယ်။ ပရိသတ်တွေကလည်း ရွှေထူးရဲ့လုပ်ရက်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချနေကြတာ ဖြစ်ပါတယ်။

အချိန်အကြာကြီး ပျောက်နေခဲ့ပြီးမှ မနေ့ညက Facebook ပေါ်သို့ status လေးတစ်ကြောင်းဖြင့် ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။ မနေ့ညက ရွှေထူးရဲ့လူမှုကွန်ရက်စာမျက်နှာတွင် ပို့စ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒီကာလမှာ သူရင်ဆိုင်ခဲ့ရတဲ့ စိတ်ဓာတ်ကျစရာအခြေအနေများအား ဝမ်းနည်းစွာဖြင့် ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ်။

“ နောက်လ ၁၀ ရက်ပတ်ဝန်းကျင်လောက်မှာ … ကျွန်တော့်ရဲ့ စိတ်ဓာတ်ကျခဲ့ရတဲ့နေ့ရက်တွေအကြောင်း သီချင်းလေးတစ်ပုဒ်လောက် Share ချင်လို့ဗျာ ဒီPost ကြောင့် အခြားအရေးကြီးသတင်းတွေကိုအနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါရစေခင်ဗျာ 🙏🙏🙏” ဆိုပြီး ရေးသားထားပါတယ်။ သူ့ကို ဝေဖန်နေကြသူတွေကိုလည်း ” အားလုံးအဆင်ပြေကြရဲ့လား နေကောင်းကြရဲ့လား … ကျွန်တော့် အကြောင်းဖြစ်ကြောင်းကုန်စင်ကိုတော့ တစ်ချိန်ကျမှပြောပြတော့မယ်ဗျာ 🙏 ကျွန်တော်ဟာ အားလုံးနဲ့အတူတူပဲဆိုတာ ကျွန်တော့်ကိုချစ်ကြသူအချို့သိရင်ကျေနပ်ပြီဗျာ🙏” ဆိုပြီး ရေးသားရှင်းပြထားပါသေးတယ်နော်။

ပရိသတ္ႀကီးေရ အဆိုေတာ္ ေ႐ႊထူးကေတာ့ ေႏြဦးေတာ္လွန္ေရးကာလအစမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ခဲ့ၿပီး အဖမ္းအဆီးေတြ မ်ားလာခ်ိန္မွာေတာ့ လူလုံးထြက္မျပေတာ့ဘဲ တိတ္ဆိတ္စြာ ေနထိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ဆိုရွယ္မီဒီယာအေကာင့္မ်ားကိုလည္း လုံးဝအသုံးျပဳျခင္းမရွိဘဲ ေပ်ာက္ကြယ္ေနခဲ့ပါတယ္။ ပရိသတ္ေတြကလည္း ေ႐ႊထူးရဲ႕လုပ္ရက္ေတြကို ျပင္းျပင္းထန္ထန္ ရႈံ႕ခ်ေနၾကတာ ျဖစ္ပါတယ္။

အခ်ိန္အၾကာႀကီး ေပ်ာက္ေနခဲ့ၿပီးမွ မေန႔ညက Facebook ေပၚသို႔ status ေလးတစ္ေၾကာင္းျဖင့္ ျပန္လည္ ထြက္ေပၚလာခဲ့ပါတယ္။ မေန႔ညက ေ႐ႊထူးရဲ႕လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပို႔စ္တစ္ခု တင္ထားတာ ျဖစ္ပါတယ္။ ဒါကေတာ့ ဒီကာလမွာ သူရင္ဆိုင္ခဲ့ရတဲ့ စိတ္ဓာတ္က်စရာအေျခအေနမ်ားအား ဝမ္းနည္းစြာျဖင့္ ဖြင့္ဟေျပာျပလာခဲ့တာ ျဖစ္ပါတယ္။

“ ေနာက္လ ၁၀ ရက္ပတ္ဝန္းက်င္ေလာက္မွာ … ကြၽန္ေတာ့္ရဲ႕ စိတ္ဓာတ္က်ခဲ့ရတဲ့ေန႔ရက္ေတြအေၾကာင္း သီခ်င္းေလးတစ္ပုဒ္ေလာက္ Share ခ်င္လို႔ဗ်ာ ဒီPost ေၾကာင့္ အျခားအေရးႀကီးသတင္းေတြကိုအေႏွာက္အယွက္ျဖစ္သြားရင္ေတာင္းပန္ပါရေစခင္ဗ်ာ 🙏🙏🙏” ဆိုၿပီး ေရးသားထားပါတယ္။ သူ႔ကို ေဝဖန္ေနၾကသူေတြကိုလည္း ” အားလုံးအဆင္ေျပၾကရဲ႕လား ေနေကာင္းၾကရဲ႕လား … ကြၽန္ေတာ့္ အေၾကာင္းျဖစ္ေၾကာင္းကုန္စင္ကိုေတာ့ တစ္ခ်ိန္က်မွေျပာျပေတာ့မယ္ဗ်ာ 🙏 ကြၽန္ေတာ္ဟာ အားလုံးနဲ႔အတူတူပဲဆိုတာ ကြၽန္ေတာ့္ကိုခ်စ္ၾကသူအခ်ိဳ႕သိရင္ေက်နပ္ၿပီဗ်ာ🙏” ဆိုၿပီး ေရးသားရွင္းျပထားပါေသးတယ္ေနာ္။

Leave a Reply

Your email address will not be published.