တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ်တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရတဲ့အလှူကို ပြုလုပ်ခဲ့ကြတဲ့ ပြည်သူအချို့

တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ်တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရတဲ့အလှူကို ပြုလုပ်ခဲ့ကြတဲ့ ပြည်သူအချို့

စိတ်ရင်းစေတနာကောင်းကြတဲ့ ပြည်သူတွေကတော့ အခုလို လူတိုင်းနီးပါးခက်ခဲနေကြတဲ့ ကာလမှာတောင်တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းနေကြတာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင် ပြည်သူတွေက စည်းစည်းလုံးလုံးနဲ့အပြန်အလှန် ဖေးမကူညီကြပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးနေကြတာဖြစ်ပါတယ်။

မြန်မာပြည်သူ၊ပြည်သားတွေရဲ့ စိတ်ထားကတော့ မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတာကြောင့် လူသားအချင်းချင်း သနားကြင်နာတတ်နေကြတာ ဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ သာမန်ပြည်သူတွေကအစ မိမိတို့မှာရှိသလောက်လေးကို ရက်ရက်ရောရောနဲ့ လှူဒါန်းနေကြတာဖြစ်ပါတယ်။

တစ်ရက်ကဆိုရင်လည်း ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်ကြတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သားတွေအတွက် စေတနာရှင်ပြည်သူတွေက ဟင်းသီးဟင်းရွက်တွေကို အိမ်တိုင်းအတွက် လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။တွန်းလှည်းပေါ်က ဟင်းသီးဟင်းရွက်တွေကို တစ်အိမ်တစ်ယောက် ထွက်ကာ ကြိုက်ရာတစ်မျိုးစီ ယူလို့ရအောင် စေတနာရှင်ပြည်သူအချို့က စီစဉ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ရပ်ကွက်နေပြည်သူတွေကလည်း အိမ်ထဲကနေထွက်ပြီး ကြိုက်တဲ့အသီးအရွက်လေးတွေယူနေကြတာကြောင့် လှူကြတဲ့စေတနာရှင်တွေအတွက် ပီတိဖြစ်ဖို့ကောင်းပါတယ်။ဒီလိုကာလမှာ ပြည်သူတိုင်းက မိမိတို့တတ်နိုင်တဲ့အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဝန်းရံပေးနေကြတာဖြစ်ပါတယ်။

အလှူအတန်းရက်ရောကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေကတော့ COVID-19 (First Wave)ကတည်းက လှူဒါန်းခဲ့ကြတာ အခုချိန်ထိပဲဖြစ်ပါတယ်။ဒါ့ကြောင့်မှလို့ ပြည်သူလူထုရဲ့ စေတနာ၊သဒ္ဒါတရားထက်သန်နေကြတဲ့ ပုံရိပ်လေးတွေကို ကြည်နူးပီတိဖြစ်မိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

တြန္းလွည္းေပၚက ဟင္းသီးဟင္း႐ြက္ေတြကို တစ္အိမ္တစ္ေယာက္ ထြက္ကာ ႀကိဳက္ရာတစ္မ်ိဳးစီ ယူလို႔ရတဲ့အလႉကို ျပဳလုပ္ခဲ့ၾကတဲ့ ျပည္သူအခ်ိဳ႕

စိတ္ရင္းေစတနာေကာင္းၾကတဲ့ ျပည္သူေတြကေတာ့ အခုလို လူတိုင္းနီးပါးခက္ခဲေနၾကတဲ့ ကာလမွာေတာင္တတ္နိုင္သေလာက္ ေပးကမ္းလႉဒါန္းေနၾကတာပဲျဖစ္ပါတယ္။လက္ရွိမွာဆိုရင္ ျပည္သူေတြက စည္းစည္းလုံးလုံးနဲ႕အျပန္အလွန္ ေဖးမကူညီၾကၿပီး တစ္ေယာက္အခက္အခဲကို တစ္ေယာက္က မွ်ေဝခံစားေပးေနၾကတာျဖစ္ပါတယ္။

ျမန္မာျပည္သူ၊ျပည္သားေတြရဲ႕ စိတ္ထားကေတာ့ ေမတၱာတရားေတြနဲ႕လႊမ္းၿခဳံထားတာေၾကာင့္ လူသားအခ်င္းခ်င္း သနားၾကင္နာတတ္ေနၾကတာ ျဖစ္ပါတယ္။အခုလိုအခ်ိန္မ်ိဳးမွာ သာမန္ျပည္သူေတြကအစ မိမိတို႔မွာရွိသေလာက္ေလးကို ရက္ရက္ေရာေရာနဲ႕ လႉဒါန္းေနၾကတာျဖစ္ပါတယ္။

တစ္ရက္ကဆိုရင္လည္း ရန္ကုန္တိုင္း၊ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာေနထိုင္ၾကတဲ့ ရပ္ကြက္သူ၊ရပ္ကြက္သားေတြအတြက္ ေစတနာရွင္ျပည္သူေတြက ဟင္းသီးဟင္း႐ြက္ေတြကို အိမ္တိုင္းအတြက္ လႉဒါန္းခဲ့ၾကတာျဖစ္ပါတယ္။တြန္းလွည္းေပၚက ဟင္းသီးဟင္း႐ြက္ေတြကို တစ္အိမ္တစ္ေယာက္ ထြက္ကာ ႀကိဳက္ရာတစ္မ်ိဳးစီ ယူလို႔ရေအာင္ ေစတနာရွင္ျပည္သူအခ်ိဳ႕က စီစဥ္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ရပ္ကြက္ေနျပည္သူေတြကလည္း အိမ္ထဲကေနထြက္ၿပီး ႀကိဳက္တဲ့အသီးအ႐ြက္ေလးေတြယူေနၾကတာေၾကာင့္ လႉၾကတဲ့ေစတနာရွင္ေတြအတြက္ ပီတိျဖစ္ဖို႔ေကာင္းပါတယ္။ဒီလိုကာလမွာ ျပည္သူတိုင္းက မိမိတို႔တတ္နိုင္တဲ့အင္အားေလးေတြနဲ႕ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ဝန္းရံေပးေနၾကတာျဖစ္ပါတယ္။

အလႉအတန္းရက္ေရာၾကတဲ့ ျမန္မာျပည္သူ၊ျပည္သားေတြကေတာ့ COVID-19 (First Wave)ကတည္းက လႉဒါန္းခဲ့ၾကတာ အခုခ်ိန္ထိပဲျဖစ္ပါတယ္။ဒါ့ေၾကာင့္မွလို႔ ျပည္သူလူထုရဲ႕ ေစတနာ၊သဒၵါတရားထက္သန္ေနၾကတဲ့ ပုံရိပ္ေလးေတြကို ၾကည္ႏူးပီတိျဖစ္မိလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *