တရုတ်နှစ်ကူးနေ့လေးတွင် အချစ်ရဆုံး ယောင်းမလေးနဲ့အတူ ဘိုးဘွားများအား ရိုသေစွာ ကန်တော့ခဲ့ကြတဲ့ နန္ဒာလှိုင်တို့ညီအစ်မလေးယောက်

ပရိသတ်ကြီးရေ သရုပ်ဆောင် မောင်နဲ့ ရီရီပွင့်ဖြူတို့ဟာ မကြာခင်မှာ မင်္ဂလာလက်ထပ်ပွဲလေး ကျင်းပကြတော့မှာ ဖြစ်ပါတယ်။ သရုပ်ဆောင် ရီရီပွင့်ဖြူကတော့ နန္ဒာလှိုင်တို့ရဲ့ မိသားစုဝင်တစ်ဦးဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်က သူတို့နှစ်ဦးရဲ့ Facebook Page တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ တရုတ်နှစ်ကူးနေ့လေးတွင် အချစ်ရဆုံး ယောင်းမလေးနဲ့အတူ ဘိုးဘွားများအား ရိုသေစွာ ကန်တော့ခဲ့ကြတဲ့ နန္ဒာလှိုင်တို့ညီအစ်မလေးယောက်ရဲ့ပုံရိပ်လေးတွေ ဖြစ်ပါတယ်။ လက်မထပ်ရသေးပေမယ့် သူတို့မိသားစုရဲ့ ပွဲလေးကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ရီရီတစ်ယောက် ကံကောင်းလွန်းလှပါတယ်။ စိန်ဖြိုးလှိုင်ကလည်း ” ပထမဆုံး အတူတကွဖြတ်သန်းတဲ့ တရုတ်နှစ်သစ်ကူး” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

စိန်ဖြိုးလှိုင်ရဲ့ ဖခင်ဟာ တရုတ်လူမျိုးဖြစ်ပြီး မိခင်ဟာ မွန်လူမျိုးဖြစ်တဲ့အတွက် နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်စေရန်အတွက် စိန်ဖြိုးလှိုင်တို့ရဲ့ သတင်းလေးကို အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။




Leave a Reply

Your email address will not be published. Required fields are marked *